ရွေးကောက်ပွဲရလဒ် လက်ခံမည်လို့ တပ်ချုပ်ကြီး မင်းအောင်လှိုင် ပြော
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံလိုက် နာသွားမှာဖြစ်တယ် လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
-
2015-07-20 -
-
-
လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံလိုက်နာသွားမှာဖြစ်တယ် လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် BBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပြီး အဲဒီတွေ့ ဆုံမေးမြန်းခန်း အပြည့်အစုံကို တပ်မတော်ပိုင် မြဝတီသတင်းမီဒီယာကလည်း ဒီကနေ့ ထုတ်လွှင့်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိမယ်လို့ ယုံကြည်ပြီး ရွေးကောက် ပွဲကော်မရှင်က ကြေညာတဲ့ရလဒ်ကို လက်ခံရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရရ လက်ခံသွားမှာဖြစ်ကြောင်းလည်း ဖြေကြားခဲ့ပါတယ်။
တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ တိုင်းပြည် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး အာမခံချက်ရှိမှုတွေအပေါ်မှာ မူတည်တယ်လို့ ဖြေကြားထားပါတယ်။ ဒါ့အပြင် လာမယ့် ၂ဝ၁၆ မှာ အသက် ၆ဝ ပြည့်တဲ့အခါ တပ်မတော်က အငြိမ်းစားယူဖို့ စဉ်းစားမှာဖြစ်သလို သမ္မတရာထူး အတွက် တောင်းဆိုတာရှိရင်လည်း စဉ်းစားသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြေကြားထား ပါတယ်။