ကာကွယ်ရေးဦးစီးချုပ် ရခိုင်ရေဘေး ကူညီ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ ရခိုင်ပြည် နယ်မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေကို ဒီနေ့ သွားရောက်ပြီး စားနပ်ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

မြေက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ဇူလိုင်လ ၁၃ ရက်နေ့က ရေဘေးသင့်ပြည်သူတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေကို လှူဒါန်းနေစဉ် Photo: Senior General Min Aung Hlaing/ Facebook

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ ရခိုင်ပြည် နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေကို ဒီနေ့သွားရောက်ပြီး စားနပ်ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေ ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရေဘေးသင့်သူတွေကို အကူအညီတွေ ဆက်လက်ပေးနိုင်ဖို့ လာရောက်တာဖြစ်တယ်လို့ မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် က ပြောပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာတဲ့အချိန်မှာ မြောက်ဦးမှာ ဆန်တို့ ဆေးတို့ ရိက္ခာအစုံပေါ့၊ ခေါက် ဆွဲခြောက်တို့ ဆီသွတ်ဘူးတွေတို့ အဲ့ဒါတွေ ကျနော်တို့က လာပြီးတော့လှူတာပေါ့၊ အဓိကက ရေဘေးဖြစ်ပွားနေ တဲ့ ဒေသခံတွေကို လာလှူတာ လာအားပေးတာပြီး ဒီထောက်ပံ့ပစ္စည်းတွေ လာပေးတာပေါ့၊ ကျနော်တို့ ဘာတွေလုပ်ပေးရမလဲဆိုတာကို လာကြည့်တာပါ"

ဒီနေ့ မနက်က မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ရေဘေးသင့်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး သဘာ ဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့ မရတာကြောင့် သတိထားပြီးနေထိုင်ကြဖို့နဲ့ နိုင်ငံတော်အစိုးရအနေ နဲ့လည်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မူတည်ပြီး လိုအပ်တာတွေကို ဆောင်ရွက်သွားဖို့ဆိုတာ ကို ဒေသခံတွေကို ပြောဆိုခဲ့တယ်လို့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ မင်း ပြားမြို့ကို ဆက်လက်သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေတွေကို မင်းပြားမြို့ကိုသွားရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ မြို့နယ် ၃ ခုအတွက် လှူဒါန်းတဲ့ပစ္စည်း တွေဟာ မိသားစုအသုံးအဆောင်တွေနဲ့ စားစရာတွေ စုစုပေါင်း ၆ တန်ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့မြို့နယ်တွေမှာ ရေကြီးခဲ့တာကြောင့် အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org