အစိုးရနှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးပြီး မဲပေးဖို့ ကာချုပ်ပြော

ဒီမိုကရေစီအစိုးရ နှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးပြီး စဉ်းစားမဲပေးကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် သားတွေနဲ့ တပ်မိသားစုဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတွေ၊ တပ်မိသားစုဝင်တွေနဲ့ ၂၀၂၀၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ တွေ့ဆုံခဲ့စဉ် ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဒီမိုကရေစီအစိုးရ နှစ်ဆက်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုးပြီး စဉ်းစားမဲပေးကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေကို တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ မနေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဟုမ္မလင်း၊ လဟယ်နဲ့ ခန္တီးမြို့က နယ်မြေခံတပ်အရာရှိတွေ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့တာပါ။

ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာ တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် စိတ်စေတနာကောင်းထားနိုင်သူ၊ ဥပဒေအကြောင်းနားလည်သူ၊ ဒေသနဲ့ နိုင်ငံ့အကျိုးကို ဖော်ဆောင်နိုင်သူတွေကို ရွေးချယ်ကြဖို့ သူက တိုက်တွန်းပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်အတွက် အရေးပါတယ်လို့လည်း ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ သူရဲ့ သဘောထားကို ထည့်သွင်းပြောခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၁၂ ရက်သာ လိုတော့တာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org