ရခိုင်ပြည်နယ်အရေး ညီညွတ်ကြဖို့ ကာကွယ်ရေးဦးစီးချုပ် ပြော

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ညီညွတ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ် Photo: Senior General Min Aung Hlaing

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ညီညွတ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ တိုင်းရင်းသားမဟုတ်ခဲ့သူတွေက ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုဖို့ တောင်းဆိုနေတဲ့ ဘင်္ဂါလီပြဿနာဟာ အမျိုးသားရေးဖြစ်တဲ့ပြင်၊ အမှန်တရားကို ထူထောင်ကြရမှာဖြစ်လို့ အားလုံးသွေးစည်းညီညွတ်ကြဖို့လိုကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ စနေနေ့က ရေးသားခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့လို့ အဖမ်းဆီးခံရမှာကြောက်တဲ့အတွက် ရွာတွေကို စွန့်ခွာပြီး တခြားနိုင်ငံဘက် ထွက်ပြေးသွားကြသူတွေရှိကြောင်း၊ ထွက်မပြေးသူတွေရဲ့ ရွာတွေကို တရားဥပဒေအရ ကာကွယ်စောင့်ရှောက်မှာဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ခဲ့တာကြောင့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသူတွေကို ပြန်မခေါ်လိုတဲ့ သဘောအဖြစ် ယူဆနိုင်ကြောင်းလည်း AFP သတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခတွေကို နိဂုံးချုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံ့ခေါင်းဆောင်အနေနဲ့ အခြေအနေတွေကို ပြောင်းပြန်ဖြစ်သွားအောင် ထိန်းသိမ်းကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ အဲ့သလို ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် ယူဆမိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်အနေနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းကြဖို့လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org