အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားကို ခရီးထွက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ ရုရှားနိုင်ငံကို ထွက်ခွာသွားတဲ့အကြောင်း မြန်မာ့ရုပ်မြင်သံကြားရဲ့ မနေ့က ထုတ်လွှင့်ချက်ကို ကိုးကားပြီး Reuters သတင်းမှာမနေ့က ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ၂၀၂၁၊ မတ် ၂၇ ရက်နေ့ကျင်းပတဲ့ ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တွေ့ရစဉ် Photo: REUTERS

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ ရုရှားနိုင်ငံကို ထွက်ခွာသွားတဲ့အကြောင်း မြန်မာ့ရုပ်မြင်သံကြားရဲ့ မနေ့က ထုတ်လွှင့်ချက်ကို ကိုးကားပြီး Reuters သတင်းမှာမနေ့က ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ ကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ နှစ်ပတ်လည် ညီလာခံဟာ ဇွန်လ ၂၂ ရက်ကနေ ၂၄ ရက် နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ မနှစ်တုန်းကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် အသွားအလာကန့်သတ်ထားလို့ မကျင်းပဖြစ်ခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ မော်စကို ခရီးစဉ်ဟာ စစ်အာဏာသိမ်းပြီး ဒုတိယအကြိမ်အဖြစ် နိုင်ငံခြားကို ထွက်ခွာတာလည်းဖြစ်ပါတယ်။ ပထမ တစ်ကြိမ်ကတော့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကိုတက်ဖို့ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို ထွက်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရေးယူဒဏ်ခတ်တဲ့အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်ကို သူတို့နိုင်ငံတွေဆီ မလာရအောင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံအများစုက ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းချတာတွေကို ရပ်ဖို့၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က လေးစားဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံက တိုက်တွန်း တောင်းဆိုခဲ့ ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အဆိုပြုချက်မူကြမ်းဟာ တစ်ဖက်သတ် စွပ်စွဲချက်တွေဖြစ်လို့ လက်မခံနိုင်ဘူးလို့ ဇွန်လ ၁၉ ရက်နေ့ မှာ ကြေညာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org