သတင်းဓါတ်ပုံ မှားသုံးတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို တောင်းပန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံနိုင် ငံတွေက ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံနေကြတဲ့ သတင်း ဓာတ်ပုံနဲ့အတူ "ဒဏ်ရာရ တောဆင်ရိုင်းတစ်ကောင် တွေ့ ရှိသဖြင့် လိုက်လံစောင့်ကြပ် ဆေးကုသပေး" ဆိုတဲ့ ခေါင်း စဉ်နဲ့ ဖော်ပြခဲ့တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဒီ ကနေ့ ပြန်လည်တောင်းပန်လိုက်ပါတယ်။

သတင်းဓါတ်ပုံ မှားသုံးတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက တောင်းပန်စဉ် Photo: MOI

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံနိုင်ငံတွေက ကာကွယ်ရေးဦးစီးချုပ် တို့ တွေ့ဆုံနေကြတဲ့ သတင်းဓာတ်ပုံနဲ့အတူ "ဒဏ်ရာရ တောဆင်ရိုင်းတစ်ကောင် တွေ့ရှိသဖြင့် လိုက်လံစောင့် ကြပ် ဆေးကုသပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြန် လည်တောင်းပန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ မနက်ပိုင်းအချိန်လောက်က ပြန်ကြားရေးဝန်ကြီးဌာန MOI Webportal Myanmar Facebook မှာ အခုလို ဖော်ပြခဲ့မိတာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းဓာတ်ပုံကို မသင့်မလျော် မှားယွင်းတွဲဖက်ဖော်ပြခဲ့မိတဲ့အတွက် အနူး အညွတ်တောင်းပန်အပ်ပါသည်ဆိုပြီး အဲဒီ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည်ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Sofitel Hotel ရှိ Visayas Ballroom မှာ ကျင်းပတဲ့ (၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ် သဘောအစည်းအဝေး (14th ACDFIM) ကို မေလ ၁၈ ရက်နေ့က တက်ရောက်ခဲ့ပါတယ်။

ဖိလစ်ပိုင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Eduardo M. Ano က အစည်းအဝေး သဘာပတိအဖြစ် ဦးဆောင်ခဲ့ပြီး တက်ရောက်လာကြတဲ့ အာဆီယံနိုင်ငံတွေက တပ်မတော်အကြီးအကဲတွေက သက်ဆိုင်ရာခေါင်း စဉ်တွေအလိုက် ဆွေးနွေးခဲ့ကြတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org