မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း လူငါးဦးသေဆုံး၊ ၃၁ ဦး ဒဏ်ရာရ

သေဆုံး၊ ထိခိုက်မှုတွေအပြင် ဆေးရုံတစ်ခု၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်းတစ်ခုနဲ့ လူနေအိမ် စုစုပေါင်း ၂၄ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ ၂ဝ၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။ Chin Defence Force - Mindat

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလ တစ်လအတွင်း ဒေသခံငါးဦး သေဆုံးပြီး နောက်ထပ် ၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ CDF Mindat က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံး၊ ထိခိုက်မှုတွေအပြင် ဆေးရုံတစ်ခု၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်းတစ်ခုနဲ့ လူနေအိမ် စုစုပေါင်း ၂၄ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁ ရက်နေ့မှာလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၂) က ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်ရှိနေပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းမှာတော့ မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး ၅၆ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ CDF-မင်းတပ်က ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org