မင်းတပ်မှာ CDF နဲ့ စစ်ကောင်စီတို့ လေးရက်ကြာ တိုက်ပွဲတွေဆက်ဖြစ်နေ

2021.08.17
မင်းတပ်မှာ CDF နဲ့ စစ်ကောင်စီတို့ လေးရက်ကြာ တိုက်ပွဲတွေဆက်ဖြစ်နေ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၁၊ ဇွန်လအတွင်းက တွေ့ရစဉ်
Photo: Citizen Journalist

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ဒီကနေ့ သြဂုတ် ၁၇ ရက်အထိ လေးရက်မြောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေရာ မနေ့က တိုက်ပွဲမှာ CDF က သုံးဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ် CDF က ပြောပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ကစပြီး စစ်တပ်ဘက်က အင်အားသုံး ထိုးစစ်ဆင်လာရာကနေ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ အယောက်၂၀ အထိ ရှိခဲ့တယ်လို့ မင်းတပ် CDF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ ပခုံးထမ်းလောင်ချာတွေနဲ့ အဝေးကနေ မနားတမ်း ပစ်ခတ် နေတယ်လို့ မင်းတပ် CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းတပ်မြို့ရဲ့ အနောက်ဘက်ပိုင်းဒေသတွေကို စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းက စပြီး ဖုန်းလိုင်းတွေအားလုံးကို ဖြတ်တောက်ထားကာ ဖုန်းခေါ်ဆိုလို့ မရတော့ဘူးလို့လည်း မင်းတပ်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒီနေ့မနက်က မင်းတပ်မြို့ လူမှုကူညီရေးအသင်းက ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားသူ ၂၀ ကျော်ရှိနေပြီး သူတို့ကို စစ်တပ်နဲ့ ရဲစခန်းတွေမှာ ထားရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။