မိုင်းကိုင်မြို့နယ်က တအာင်းရွာကို ရွှေ့ပြောင်းခိုင်းတာမရှိဘူးလို့ RCSS ပြော

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ လွယ်တောင်ရွာကို တခြားနေရာရွှေ့ပြောင်းဖို့ RCSS/SSA တပ်ဖွဲ့က ဖိအားပေးခိုင်းနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး က RFAကို ပြောပါတယ်။

မိုင်းကိုင်မြို့နယ်က လွယ်တောင်ရွာမှာ အိမ်များကို ရွှေ့ပြောင်းဖို့ လုပ်နေစဉ် ဓါတ်ပုံ - မိုင်းနုမ်ဟန်

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ လွယ်တောင်ရွာကို တခြားနေရာရွှေ့ပြောင်းဖို့ RCSS/SSA တပ်ဖွဲ့က ဖိအားပေးခိုင်းနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေး က RFAကို ပြောပါတယ်။

ကျေးရွာသူကြီးက အုပ်ချုပ်မှု အလှမ်းဝေးတာကြောင့် လက်ရှိရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ မူလလွယ်တောင် ရွာမကြီးကို ပြန်လည်ပြောင်းရွှေ့ဖို့ ခေါ်ယူလို့ ရွာသားတွေက ရွှေ့ပြောင်းကြတာလို့ သူက ပြောပါတယ်။

ဒီဒေသဟာ RCSS ထိန်းချုပ်နယ်ဖြစ်ပါတယ်။

မိုင်းကိုင်မြို့၊ တအာင်းပလောင်အမျိုးသားပါတီ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်ကတော့ ကျေးရွာသားတွေက RCSS ပြောင်းရွှေ့ခိုင်းတာကြောင့် ပြောင်းရတာလို့ သိရကြောင်း ပြောပါတယ်။

ဖုန်းလိုင်းအခက်အခဲကြောင့် ရွှေ့ပြောင်းခံရတဲ့ ရွာသားတွေနဲ့ အုပ်ချုပ်ရေးမှူးထံကို RFA က တိုက်ရိုက် အဆက်အသွယ် မရသေးပါဘူး။

လွယ်တောင်ရွာဟာ တအာင်းတိုင်းရင်းသားတွေနေထိုင်တဲ့ကျေးရွာဖြစ်ပြီး ရွာတည်ထားတာ ၂၈ နှစ်ရှိပြီဖြစ်ပါတယ်။

ရွှေ့ပြောင်းခံခိုင်းရတဲ့ လွယ်တောင်ကျေးရွာအနီးမှာ တခြားကျေးရွာတွေလည်းရှိနေပြီး လွယ်တောင် တစ်ရွာထဲကိုပဲ ပြောင်းရွှေ့ခိုင်း ခဲ့တာလို့ မိုင်းနုမ်ဟန်က ပြောပါတယ်။

ကျေးရွာသားတွေ ရွှေ့ပြောင်းပြီးခါနီးမှ ပါတီကသိရလို့ ထိရောက်တဲ့အကူညီတွေ မပေးနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org