မင်္ဂလာဒုံမှာ ကျူးကျော်နေထိုင် သူတွေကို ထောက်ခံချက်ကဒ်တွေ ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရ တဲ့ အိမ်ထောင်စု ၅ထောင်နီးပါးကို ကျူးကျော်နေထိုင် သူ ဖြစ်ကြောင်း ထောက်ခံချက်ကဒ်တွေ ဒီကနေ့ ထုတ်ပေးခဲ့ ပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်း ကျူးကျော်အဖြစ်သတ်မှတ်ခံထားရတဲ့ အိမ်ထောင်စု ၅ ထောင် နီးပါးကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပေးတဲ့ ထောက်ခံချက်ကဒ်ကို တွေ့မြင်ရစဉ် Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရတဲ့ အိမ်ထောင်စု ၅ထောင်နီးပါး ကို ကျူးကျော်နေထိုင်သူ ဖြစ်ကြောင်း ထောက်ခံချက်ကဒ်တွေ ဒီကနေ့ ထုတ်ပေးခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်အတွင်း ကျူးကျော်စာရင်းကောက်ခံရာမှာ စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေ တွေ့ရတယ်လို့ ကျူးကျော်စာရင်းကောက်ရာမှာ ခေါင်းဆောင်အဖြစ်ပါဝင်တဲ့ World Vision က အဖွဲ့ခေါင်းဆောင် မမိုးမိုးဝင်း က ပြောပါတယ်။

"တချို့နေရာတွေက လွတ်နေတယ်၊ ဒီနေရာတွေကို သူတို့က အရင်ဦးလိုက်တယ်၊ အရင်ဦးလိုက်တော့ သူတို့မြေနေရာဖြစ်သွားတယ်၊ ပေ ၄ဝ ပေ ၅ဝ လောက်ကို သူတို့က တန်းလျားလေးတွေထိုးလိုက်တယ်၊ ထိုးပြီးတော့ငှားစားထားတယ်၊ လစာကိုလည်း အသားတန်ပုံမှန်လည်းတောင်းတယ်၊ မြေပြင်လွတ်တဲ့နေ ရာကိုလည်း ငှားစားထားတယ်။ ဒီအထဲမှာရှိတယ်"

မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်နေပေမယ့် ခိုင်မာတဲ့ ပိုင်ဆိုင်မှု မပြနိုင်သူတွေကို ကျူးကျော်လို့ သတ်မှတ်ပြီး စာရင်းကောက်ယူထားတာဖြစ်ပါတယ်။

ဘိုးဘွားပိုင်မြေနေရာမှာ နေထိုင်တာဖြစ်တဲ့အတွက် ကျူးကျော် နေထိုင်တာ မဟုတ်ဘူးဆိုပြီး ထောက်ခံချက်ကဒ် မထုတ်သူတွေလည်း မင်္ဂလာဒုံမြို့နယ်မှာ အမြောက်အမြားရှိနေပါတယ်။

တိုင်းဒေသကြီး အစိုးရရဲ့စီမံချက်နဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်း ကောက်ယူထားတာဟာ ၅ ပုံ ၃ ပုံလောက် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်း ဖြတ်သန်းရာ နေရာ၊ ဂျိုးဖြူ ပိုက်လုံး ဖြတ်သန်းရာနေရာ၊ စည် ပင်မြေ၊ လယ်ယာမြေ၊ ပလပ်မြေနဲ့ မီးရထား သံလမ်းဘေးမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ထားပြီး World Vision နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး စာရင်းကောက်ယူတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org