ဒုတိယသက်တမ်းအတွက် မဲပေးကြဖို့ ဝန်ကြီးချုပ် ဦးသိန်းအောင် တိုက်တွန်း
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က သူ့ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန် ယူစေချင်တယ် ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ အင်္ဂပူမြို့ နယ် ကံကွင်းကျေးရွာမှာ ဒေသခံတွေကို တိုက်တွန်း ပြော ကြားလိုက်ပါတယ်။
-
2015-10-22 -
-
-
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က သူ့ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူစေချင်တယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြဖို့ အင်္ဂပူမြို့နယ် ကံကွင်းကျေးရွာမှာ ဒေသခံတွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ကံကွင်းကျေးရွာ ဓမ္မဒူတနိဗ္ဗိန္ဒတောရကျောင်းတိုက်မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းအောင်က ပြောလိုက်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးသိန်းအောင်ဟာ အင်္ဂပူမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကံကွင်းကျေးရွာဟာ သူ့ရဲမဲဆန္ဒနယ်ထဲမှာ မပါဝင်ပေမယ့် အဲ့ဒီမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်လောင်းတွေကို ဒေသခံတွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ ဒေသခံတွေက တံတားတွေ ပြုပြင်ပေးဖို့နဲ့ ကျေးရွာမီးလင်းရေးကိစ္စတွေကို ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးသိန်းအောင်က ရွေးကောက်ပွဲအပြီးမှာ လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။