အစိုးရဝန်ထမ်းတွေ တွေးခေါ် လုပ်ကိုင်ပုံ ပြောင်းလဲကြဖို့ သမ္မတရုံးဝန်ကြီး တိုက်တွန်း
မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ တာဝန် ထမ်းဆောင်နေကြတဲ့ အစိုးရဋ္ဌာန ဆိုင်ရာ ဝန်ထမ်းတွေအနေ နဲ့ တွေးခေါ် လုပ်ကိုင်တာတွေကို ပြောင်းလဲဖို့ လိုတယ်လို့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်း ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
-
2013-08-03 -
-
-
မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဗဟိုပြု တဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ တာဝန် ထမ်းဆောင်နေကြတဲ့ အစိုးရ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ တွေးခေါ်လုပ်ကိုင်တာတွေ ကို ပြောင်းလဲဖို့ လိုတယ်လို့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်း ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ မှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အထောက်အကူပြု ကော်မတီတွေ၊ စီမံခန့်ခွဲရေး ကော်မတီဝင်တွေ အပါအဝင် ၊မြို့မိမြို့ဖတွေနဲ့ ဒီကနေ့တွေ့ဆုံချိန် မှာ သမ္မတရုံးဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။
"ကျနော်တို့ အစိုးရဌာနဆိုင်ရာလုပ်ငန်းမှာ လည်း ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေ ပြီ၊ ပြည်သူအများစုကလည်း ဒီဌာနဆိုင်ရာများကို အားကိုးချင်နေပြီ၊ ဒါ့ကြောင့် တွေးခေါ် လုပ်ကိုင်ပုံတွေ ပြောင်းရမှာဖြစ်တယ်၊ ပြည်သူ့အကျိုးစီးပွားကို ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာများရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီးတော့မှ အစိုးရအုပ်ချုပ်မှုယန္တရားကို တိုင်းတာမှာဖြစ်တယ်”
ဒါ့အပြင် သမ္မတရုံးဝန်ကြီး နောက်တစ်ဦးဖြစ်သူ ဦးစိုးသိန်းကလည်း ပြည်ထောင်စု အစိုးရ၊တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပြည်သူလူထုကို ပါဝင်စေလိုတဲ့အတွက် ဒေသ ခံပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့ ဒီကနေ့ လာရောက်ရတာဖြစ်တယ် လို့ ပြောဆိုခဲ့ပါတယ်။