မြန်မာရွေးကောက်ပွဲ ပြုပြင်ပြောင်း လဲရေးကို တိုင်းတာမယ်လို့ ကန် အထက်လွှတ်တော်အမတ်ပြော

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်း ကျင်းပသလဲဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး တိုးတက်မှု ရှိမရှိ တိုင်းတာတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောလိုက်ပါတယ်။

အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် Mitch McConnell ကို တွေ့ရစဉ် Photo: ajc.blogs

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်း ကျင်းပသလဲဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုရှိမရှိ တိုင်းတာတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အထက်လွှတ်တော် ရီပတ်ဗလီကန် ပါတီ ခေါင်းဆောင် Mitch McConnell က အခုလို ထည့်သွင်းပြောခဲ့တာပါ။

"မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက် တွေဟာ အတိုက်အခံခေါင်းဆောင်ကို အစိုးရအဖွဲ့ထဲ မှာတောင် မပါနိုင်အောင် ကန့်သတ်ထားတာဟာ စိုးရိမ်စရာအချက်တစ်ခု ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဆိုးဝါးတဲ့ အချက်ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စမှာ စစ်တပ်ကို ဗီတိုအာဏာ ပေးထားတဲ့အချက်ပဲ ဖြစ်ပါတယ်။”

အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေကို ပြင်ဆင်ဖို့အပြင်၊ လူ့အခွင့်အရေး ပြဿနာ အတော်များများကို ကိုင်တွယ်ဖြေရှင်းဖို့ ကျန်နေသေးကြောင်း၊ ဒါပေမယ့် ဒီကိစ္စတွေကြောင့် ရှိပြီးသား တိုးတက်ဖြစ်ထွန်းမှုတွေကို မထိခိုက်သင့်ကြောင်း၊ ဦးသိန်းစိန်အစိုးရအနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ကျန်တဲ့ သီတင်းနှစ်ပတ်အတွင်း နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် တတ်နိုင်သလောက် ဆောင်ရွက်ပေးနိုင်ကြောင်းလည်း Mr. McConnell က ပြောဆိုသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org