အာသံပြည်နယ်မှာ မြန်မာနိုင်ငံသား ၂၆ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ စာရွက်စာတမ်း သက်သေခံကတ်ပြား အတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို အိန္ဒိယ အာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံထုတ် The Assam Tribune သတင်းစာမှာ ဖော်ပြထားသော မြန်မာနိုင်ငံသား ၂၆ ဦး ဖမ်းဆီးခံရသည့် သတင်း။ The Assam Tribune/Screen Shot

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ စာရွက်စာတမ်း သက်သေခံကတ်ပြား အတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို အိန္ဒိယ အာဏာပိုင်တွေက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ ချင်းပြည်နယ်ကနေ ဒေလီမြို့က ကျမ်းစာသင်ကျောင်းကို သွားဖို့ မီဇီုရမ်ပြည်နယ် အိုက်ဇောမြို့ကတဆင့် ဗင်ကားနှစ်စီးနဲ့ ရောက်လာကြတာလို့ ဆိုပါတယ်။

အာသံရဲတပ်ဖွဲ့ရဲ့အဆိုအရ မြန်မာနိုင်ငံသား ၂၆ ဦး စလုံးဟာ အိုက်ဇောမြို့မှာရှိတဲ့ Faith Theological College and Mission အဖွဲ့က ထုတ်ပေးတဲ့ မီဇိုရမ်ပြည်နယ်သား သက်သေခံကတ်ပြားတွေ ကိုင်ဆောင်ထားတာလို့ ပြောပါတယ်။ လောလောဆယ် သူတို့အားလုံးကို အိန္ဒိယနိုင်ငံရဲ့ ၁၉၄၆ နိုင်ငံခြားသားများအက်ဥပဒေ၊ ၁၉၂၀ နဲ့ ၁၉၅၀ ခုနှစ် နိုင်ငံကူးလက်မှတ်ဥပဒေတွေအရ ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် တစ်သောင်းနီးပါးရှိနေပြီး၊ အဲဒီအထဲက အယောက်နှစ်ရာလောက်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလာကြတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org