မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးဒုက္ခသည် ခြောက်ရာကျော် ထပ်ရောက်လာ
အခုရောက်လာတဲ့ ၆၇၉ ယောက်မှာ အမျိုးသား ၂၁ဝ၊ အမျိုးသမီး ၂၄၇ ယောက်နဲ့ ကလေး ၂၂၂ ယောက် ပါဝင်တယ်လို့လည်း ဆိုပါတယ်။
-
RFA Burmese
2024-10-03 -
-
-
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာစစ်ဘေးဒုက္ခသည် ၆၇၉ ယောက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထပ်မံဝင်ရောက်လာတာကြောင့် စုစုပေါင်း ခိုလှုံလာသူ သုံးသောင်းသုံးထောင်ကျော် (၃၃,၇၁၂ ဦး) အထိ တိုးလာကြောင်း မီဇိုရမ်ပြည်ထဲရေးဌာနရဲ့ စာရင်းတွေအရ သိရတယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်က အောက်တိုဘာ ၃ ရက်နေ့က ဖော်ပြပါတယ်။ည
အခုရောက်လာတဲ့ ၆၇၉ ယောက်မှာ အမျိုးသား ၂၁ဝ၊ အမျိုးသမီး ၂၄၇ ယောက်နဲ့ ကလေး ၂၂၂ ယောက်တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အသစ်ရောက်လာသူအားလုံးဟာ မဏိပူရ်နယ်စပ်နားက ဆိုင်းတွားလ် (Saitual) ခရိုင်မှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။ အရင်က အဲဒီမှာ ဒုက္ခသည် နှစ်ရာကျော် (၂၂၇ ဦး)သာ ရှိတယ်လို့ သတင်းက ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ဒုက္ခသည် တစ်သောင်းခြောက်ထောင်ကျော် (၁၆,၇ဝ၄ ဦး)ဟာ ကယ်ဆယ်ရေးစခန်း ၁၃၂ ခုမှာ ခိုလှုံနေကြပြီး တစ်သောင်းခုနစ်ထောင်ကျော် (၁၇,ဝဝ၅ ဦး)ဟာ စခန်းပြင်ပက နီးစပ်ရာဆွေမျိုးအိမ် တွေမှာ နေထိုင်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
အဲဒီဒုက္ခသည် သုံးသောင်းသုံးထောင်ကျော်ထဲမှာ အမျိုးသား၊ အမျိုးသမီး တစ်သောင်းကျော်စီနဲ့ ကလေး တစ်သောင်းနှစ်ထောင်ကျော် ပါဝင်ပါတယ်။