ဗုံးထဲမှာ မီးလောင်စေတဲ့ မီးစုံးဖြူ ပါဝင်တဲ့ကိစ္စ မြန်မာအစိုးရ လက်မခံ
လက်ပန်တောင်းတောင် သပိတ်ဖြိုခွဲ မှုမှာ ရဲတပ်ဖွဲ့က သုံးလိုက်တဲ့ဗုံးဟာ White Phosphorus ဆိုတဲ့ မီးလောင်စေတဲ့ မီးစုံးဖြူပါဝင်တယ် ဆိုတဲ့ကိစ္စကို မြန်မာအစိုးရက လက်မခံ ပယ်ချလိုက်တယ်လို့ AFP သတင်းတစ်ပုဒ် မှာ ဖေါ်ပြလိုက်ပါတယ်။
-
2013-02-16 -
-
-
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ သူတို့နဲ့ပူးပေါင်းပါဝင်ထားတဲ့ အမေရိကန် ပြည်ထောင်စုအခြေစိုက် Justice Trust ဆိုတဲ့အဖွဲ့က မီးစုံးဖြူပါဝင်တယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖေါ်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ မေးတဲ့အခါ မိမိတို့အနေနဲ့လူတစ်ဦးချင်း၊ တဖွဲ့ချင်းရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မှတ်ချက်တစုံတရာ ပေးမှာမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အစီရင်ခံစာကိုပဲ အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံရွာသားတွေကို အရေးယူတဲ့ကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ကို နားလည်မှုလွဲပြီး အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုတဲ့ အကြောင်းလဲ AFP သတင်းက ဖေါ်ပြထားပါတယ်။