လောက်ကိုင်မြို့ကို ချိန်ရွယ်ထားတဲ့ ဒုံးသီးတွေတွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင် မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့ က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဟောင်း နေအိမ်ပေါက်ကွဲမှု ဖြစ်ပွား ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးတဝိုက်မှာ ဒုံးသီး သံထည် အပိုင်းအစတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ချက်တွေအရ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ၁ မိုင်အကွာ ကုန်းစောင်းတဝိုက်ကနေ ပစ်ခတ်ခဲ့ တာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Photo: ကကပြည်သတင်း လောက်ကိုင်မြို့ကို ချိန်ရွယ်ထားတဲ့ ဒုံးသီးတွေကို တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၅ ရက်နေ့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဟောင်း နေအိမ်ပေါက် ကွဲမှု ဖြစ်ပွားပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးတဝိုက်မှာ ဒုံးသီးသံထည် အပိုင်းအစတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်တွေအရ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ၁ မိုင်အကွာ ကုန်းစောင်းတဝိုက်ကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

စစ်ဆေးတွေ့ရှိတဲ့ ဒုံးသီးအပိုင်းအစတွေဟာ ကိုးကန့်တပ်မတော် MNDAA အဖွဲ့ အသုံးပြုတဲ့ ၁၀၇ မမ ဒုံးပစ်လောင်ချာ အစိတ်အပိုင်းတွေဖြစ်ပြီး အဲဒီဒုံးသီးတွေဟာ အကွာအဝေး ၅ မိုင်ခန့်အထိ ပစ်ခတ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်နေ့မှာ တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လောက်ကိုင်မြို့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ တောင်ကြောတဝိုက် မှာ ဒုံးသီး ၂၂ လုံးကို တွေ့ရှိခဲ့ပါတယ်။

အဲဒီဒုံးသီးတွေဟာ အချိန်ထိန်းကိရိယာနဲ့ လောက်ကိုင်မြို့ရဲ့အဓိကနေရာတွေကို ပစ်ခတ်ဖို့ ချိန်ရွယ်ထားကြောင်း တေ့ွရှိခဲ့တယ်လို့ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org