ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်

2022.02.16
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်ကို တွေ့ရစဥ်
Photo: Citizen Journalist

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကို တည်ထောင်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ မနက်ပိုင်းက လူကြီးရောဂါနဲ့ ကွယ်လွန် သွားပါတယ်။

အသက် (၉၄) နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးဖုန်ကြားရှင်ဟာ ဒီနေ့မနက် ၅ နာရီ ၄၀ မိနစ်က ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ဌာနချုပ်မှာ ကွယ်လွန်ခဲ့တာလို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြား ရေးတာဝန်ရှိသူက RFA ကို ပြောပါတယ်။

MNDAA ကို စတင်တည်ထောင်သူလည်းဖြစ် တချိန်က MNDAA ရဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့သူ ဦးဖုန်ကြားရှင် ဟာ ၁၉၃၁ ခုနှစ်က တရုတ်-မြန်မာနယ်စပ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ကိုးကန့်စော်ဘွားခေတ်မှာ ကာကွယ်ရေးခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ဖူးသလို ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှာလည်း တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ပုန်ကန်ခဲ့ပြီး MNDAA ကို ထူထောင်ခဲ့တာပါ။ သူဟာ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အထူးဒေသ (၁) ကို ရယူခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေးတွေကို ဦးဆောင်ခဲ့ရာကနေ နောက်ပိုင်းမှာ တော့ သူ့ရဲ့ကျန်းမာရေးကြောင့် သားဖြစ်သူ အထွေထွေအတွင်းရေးမှူးနဲ့ စစ်ဦးစီးချုပ် ဖုန်တာရွှင်က စစ်ရေးကိစ္စတွေကို ဦးဆောင်နေတာပါ။

ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ဖြန်မှာကျင်းပသွားမှာဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နိုင်အောင် စီစဉ်နေတယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။