ဖမ်းမိထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို MNDAA ပြန်လွှတ်

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး၌ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် ကိုးကန့်တပ်မတော် (MNDAA) မှ ထုတ်ပြန်ထားသည့်ပုံ။ The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်ဒေသက ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ၁ဝ၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း ဖမ်းဆီးမိခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ MNDAA တရားစီရင်ရေးဌာနက စစ်ဆေးမေးမြန်းပြီးနောက် အခုလိုပြန်လွှတ်ပေးလိုက်တာလို့ထုတ်ပြန်ခဲ့တာပါ။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကနေ ဝင်ရောက်တိုက်ခိုက်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချပြီး MNDAA တပ်ဖွဲ့ထံ လာရောက်ပူးပေါင်းဖို့လည်း တိုက်တွန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ကိုးကန့်ဒေသမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူထားနိုင်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကိုသာ သိမ်းယူဖို့ ကျန်တယ်လို့လည်း MNDAA က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org