ကိုးကန့်တပ် ပြောခွင့်ရသူကို ဖမ်းဝရမ်းထုတ်

မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို တပ်မတော် စစ်ခုံရုံးက ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေနဲ့ ဖမ်းဝရမ်းထုတ် ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လိုက်လံရှာဖွေနေ တယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖဲ့ွမှူးရုံး တာဝန်ရှိသူ က ပြောပါတယ်။

မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို တပ်မတော် စစ်ခုံရုံးက ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေနဲ့ ဖမ်းဝရမ်းထုတ်ထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ လိုက်လံရှာဖွေနေတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖဲ့ွမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်း ပြည်ပ မီဒီယာတွေကို သတင်းပေးတာတွေနဲ့ပတ်သက်ပြီး အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(က)၊ ၅(င) အရ ဒီလ ၅ ရက်နေ့က ဖမ်းဝရမ်းထုတ်တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။

"ပြည်တွင်းပြည်ပ မီဒီယာတွေကို သူရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ MNDAA အဖွဲ့မှ အတွင်းရေးမှူး ဖြစ် တယ်လို့လည်းပြောတယ်၊ ပြောရေးဆိုခွင့်ရှိသူလို့လည်းပြောတယ်၊ ၅ ရက် ၄ လ ၂ဝ၁၅ ရက်မှာ သူ့ကိုဖမ်းဝရမ်း ထုတ်လိုက်တာခင်ဗျ၊ ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(က)၊ ၅(င) အရ တရားစွဲပြီးတော့ ဖမ်းဝရမ်းထုတ်ထားတာခင်ဗျ၊ ပြည်နယ်နဲ့တိုင်းကို သူနေထိုင်ခဲ့တဲ့ နာမည်တွေနဲ့ သူ့ရဲ့ဇာတိတွေကို အိမ်ထောင်စုဇယားမိတ္တူတွေ အားလုံးဖြန့်ဝေပြီးတော့ လိုက်လံရှာဖွေနေပါတယ်"

ဦးထွန်းမြတ်လင်းဟာ ကိုးကန့်တပ်မတော်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ၅ ယောက်မြောက်သမီးရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဦးထွန်းမြတ်လင်းကို RFA သတင်းထောက် မပြုံးမို့မို့ဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org