အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမဖြစ်စေဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုမဖြစ်စေဖို့ တပ်မတော်ရော AA ရော နှစ်ဖက်လုံး ဂရုပြုကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်က မနေ့က တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူ တစ်ဦးကို စစ်တွေဆေးရုံမှာ ၂၀၁၉ မေလ ၃ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုမဖြစ်စေဖို့ တပ်မတော်ရော AA ရော နှစ်ဖက်လုံး ဂရုပြုကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဘယ်ဖက်ကိုမှ အပြစ်ပြောတဲ့ သဘောမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ပြုမူဆောင်ရွက်မှုကြောင့် အပြစ်မဲ့တဲ့သူတွေ မထိခိုက် မသေဆုံးစေဖို့ နှစ်ဖက်လုံးကို မေတ္တာရပ်ခံတာဖြစ်တယ်လို့  RFA ကို ဒီနေ့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ မသင်္ကာဖွယ် အမျိုးသား ၂၇၅ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေလ နှစ်ရက်နေ့က ထိန်းသိမ်းစစ်ဆေးနေစဉ် ထိန်းသိမ်းထားသူတွေက အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းလာကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က ခုခံကာကွယ်ပြီး ပစ်ခတ်ထိန်းသိမ်းရာမှာ လူ ခြောက်ယောက် သေဆုံးခဲ့ပြီး ရှစ်ယောက် ဒဏ်ရာရကာ လေးယောက်ပျောက်ဆုံးနေတယ်လို့ သိရကြောင်းလည်း ကော်မရှင်က ရေးသားထားပါတယ်။

ကျောက်တန်းရွာမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေသခံ ၂၇၅ ယောက်ထဲက ၁၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့သူတွေထဲမှာ ၁၂ဝ ကျော်ကို မနေ့ မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီး ကျန်ရှိတဲ့သူတွေထဲက စစ်ဆေးမေးမြန်းတာတွေ ဆက်လက်ပြုလုပ်ပြီး AA အဖွဲ့ဝင်တွေ၊ AA အမာခံတွေကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေဟာ မေလ နှစ်ရက်နေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ထံ ညာသံပေးကာ သေနတ်ဝင်လုခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင်လုပ်ကာ သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့ရပြီး ခြောက်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ဖက်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org