မိုခါမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကမ်းရိုးတန်းဆီ ဦးတည်နေ

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ မုတ္တမပင်လယ်ပြင်က လှေတွေ သင်္ဘောတွေ နီးရာဆိပ်ကမ်းတွေဆီ ဆိုက်ကပ်ထားဖို့လည်း သတိပေးထားပါတယ်။

၂ဝ၂၃ ခုနှစ် မေလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့် မိုခါမုန်တိုင်းအခြေအနေပြ မြေပုံ။ Myanmar Information Management Unit

မိုခါမုန်တိုင်းဟာ ပိုမို အားကောင်းလာနေပြီး သောကြာနေ့မနက်မှာ တစ်နာရီ ၈၄ မိုင် နီးပါးနှုန်းနဲ့ အလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်- မြန်မာကမ်းခြေဆီ ဦးတည်နေကြောင်း အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တံငါသည်တွေ၊ လှေနဲ့သင်္ဘောတွေ၊ ဆွဲပိုက်ချသင်္ဘောတွေအနေနဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမ ပင်လယ်ကွေ့အတွင်း တနင်္ဂနွေနေ့အထိ မဝင်ရောက်ကြဖို့ မိုးလေဝသဌာနက နှိုးဆော်သတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ မုတ္တမပင်လယ်ပြင်အတွင်းက လှေတွေ သင်္ဘောတွေ နီးရာဆိပ်ကမ်းတွေဆီ ဆိုက်ကပ်ထားဖို့လည်း သတိပေးထားပါတယ်။

မိုခါမုန်တိုင်းဟာ သောကြာနေ့မှာ ပိုမိုအားကောင်းလာမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကော့ဘဇားနဲ့ကျောက်ဖြူကြား စစ်တွေမြို့တည်ရှိရာ ဒေသအနီးတစ်ဝိုက်ကို တစ်နာရီ မိုင် ၁၁ဝ နှုန်းနဲ့ ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org