မိုခါမုန်တိုင်းကြောင့် လူဦးရေ ရှစ်သိန်း အရေးပေါ် စားနပ်ရိက္ခာလိုအပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ WFP ရုံးနဲ့ အကူအညီပေးရေး ပစ္စည်းသိုလှောင်ရုံလည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မိုခါမုန်တိုင်းတိုက်ခတ်အပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှ ပြိုလဲပျက်စီးနေသည့် အိမ်တစ်လုံးအား ၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့မြင်ရစဉ်။ AFP

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အနည်းဆုံး လူရှစ်သိန်းအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မေ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

အကူအညီလိုအပ်နေသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း WFP ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက လူဦးရေ ကိုးသိန်း ခြောက်သောင်းကျော်ဟာလည်း မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲအန္တရာယ်ကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ WFP ရုံးနဲ့ အကူအညီပေးရေး ပစ္စည်းသိုလှောင်ရုံလည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မေလ ၁၆ ရက်အထိ အချက်အလက်ကောက်ယူထားတဲ့ အဖွဲ့တချို့ရဲ့ စာရင်းတွေအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄ဝဝ ကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org