ဒုရဲမှူး မိုးရန်နိုင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်

ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ သတင်းဖြေကြားခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် ကို ရဲတရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက် တယ်လို့ သတင်းတွေထွက်နေပေမယ့် တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ သူ့ရဲ့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရကေ်န့က တွေ့ရစဉ် Photo: Htet Arkar/ RFA

ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ သတင်းဖြေကြားခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေး ခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် ကို ရဲတရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တယ်လို့ သတင်းတွေထွက်နေပေမယ့် တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ သူ့ရဲ့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။

သတင်းထောက်နှစ်ဦးအမှုအတွက် ဒုရဲမှူး မိုးရန်နိုင်ကို လာမယ့် မေလ ၂ ရက်နေ့ အင်းစိန်တရားရုံးမှာ တရားလိုပြ သက်သေအဖြစ် ရုံးထုတ်မှာ တေ့ွခွင့်ရဖို့ ကြိုးစားနေတယ်လို့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီး ဒေါ်တူး က ပြောပါတယ်။

"ညီမတို့ကြားတဲ့ဟာ အမတို့ကြားပါတယ်။ အဲ့လိုမျိုးလိုင်းပေါ်မှာတော့ တွေ့တယ်။ တရားဝင်အကြောင်းကြား တာတော့ မရှိသေးပါဘူး။ တစ်ညလုံးကားစီးရမှာ။ ကျမအခု ခင်ဦးကနေ စီးနေတယ်"

ဒုရဲမှူး မိုးရန်နိုင်ကို လက်ရှိ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ရှိသူထံ ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ပြည်ထဲရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး သက်နိုင်ကို ဆက်သွယ်မေးမြန်းရာမှာ သူတာဝန်ယူ ဆောင်ရွက်ရတဲ့အပိုင်း မဟုတ်ကြောင်း ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကို မနေ့ကစပြီး နှစ်ရက်ဆက်တိုက် ဖုန်းနဲ့ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဟာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org