တောင်ပြိုကျလို့ မိုးကုတ်မှာ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဒီကနေ့မနက်ပိုင်းက တောင်ပြိုကျပြီး နေအိမ်တွေပေါ်ပိမိလို့ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ၂ဝ၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့က တောင်ပြိုကျပြီး နေအိမ်တွေပေါ်ပိမိစဉ် Photo: Kyaw Min Hlaing

မန္တလေးတိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဒီကနေ့မနက်ပိုင်းက တောင်ပြိုကျပြီး နေအိမ်တွေပေါ်ပိမိလို့ တစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့မနက် တစ်နာရီခွဲအချိန်လောက်က မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု ဘီးတောင်ရပ်ကွက်မှာ တောင်ပြိုကျခဲ့ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး သားဖြစ်သူက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့ အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိ ုပြောပါတယ်။

အဲဒီနောက် မနက် နှစ်နာရီလောက်မှာ အောင်သာယာရပ်ကွက်က နေအိမ်နှစ်လုံးအပေါ် တောင်ပြိုကျခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ လေးရက်လောက်ကတည်းက မိုးရွာနေတာဖြစ်ပါတယ်။

မနေ့က တစ်နေ့လုံး မိုးအဆက်မပြတ် ရွာနေတာကြောင့် တောင်ပေါ်ကနုန်းမြေတွေဟာ ရေစီးကြောင်းအတိုင်း ပြိုကျလာတာလို့ ပြောကြပါတယ်။

သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင် ပေးသွားနေတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org