မိုးမောက် အထက ကျောင်း ဗုံးကွဲပြီး တစ်ဦး ဒဏ်ရာရ

ဒီကနေ့ ဇွန်လ ၂၂ ရက် မနက် ၉ နာရီဝန်းကျင်လောက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာရှိတဲ့ အခြေခံပညာအထက်တန်း ကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ကျောင်းသန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက RFA ကို ပြောပါတယ်။

၂၀၂၁၊ ဇွန် ၂၂ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်း ကို တွေ့ရစဉ် Photo: Citizen Journalist

ဒီကနေ့ ဇွန်လ ၂၂ ရက် မနက် ၉ နာရီဝန်းကျင်လောက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ခါနန်ရပ်ကွက်မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ကျောင်းသန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက RFA ကို ပြောပါတယ်။

လက်လုပ်ဗုံး နှစ်လုံးဟာ ကျောင်း အတက်လှေကားအောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထကကျောင်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

"ပေါက်ကွဲသံ ကြားလိုက်တယ်။ လက်ပစ်ဗုံးလောက်ကို ကျယ်တယ်။ နှစ်လုံး။ တစ်ယောက် ထိခိုက်တယ်၊ သူက ကျောင်းသန့်ရှင်းရေး ဝန်ထမ်းပေါ့။ ကျောင်းသားတွေလည်း မထိဘူး။ ဆရာ၊ ဆရာမတွေလည်း မထိဘူး။ အကုန်လုံးက အဲဒီအချိန်မှာ ၉ နာရီခွဲလောက်မှာ စာသင်ခန်းထဲရောက်နေကြပြီ"

ဒီကနေ့ ဗုံးပေါက်ကွဲမှုကြောင့် အထက ကျောင်းကို ချက်ချင်းပိတ်လိုက်ပြီးနောက် စစ်သားနဲ့ ရဲတွေကတော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို လာရောက်စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်တပ်ပိုင် မြဝတီသတင်းဋ္ဌာနကတော့ မိုးမောက်မြို့ အထက်တန်းကျောင်း ပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့လက်ချက်ပဲဖြစ်တယ်လို့ ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကို RFA က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org