၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား ဖို့ဝိန်းမှာ ကျင်းပ


2013.08.17

၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ကျင်းပရတဲ့အကြောင်းရင်းကို Mon Land Restoration Council မွန်ဒေသပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ Pong Simon ကပြောပြပါတယ်။

"မွန်တွေဟာ ကျန်တဲ့တိုင်းရင်းသားများ နည်းတူ တန်းတူညီမျှရေးနဲ့ ကိုယ်တိုင်ပြဌာန်းခွင့်ရဖို့အတွက် တိုက်ပွဲဝင်ခဲ့တာ ၆၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ်ရယ်၊နောင်လာနောက်သားတွေ သတိတရ ရှိနေဖို့ရယ်၊ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိတရရှိနေဖို့၊ကိုယ်တိုင် ပြဌာန်းခွင့် မရမချင်း တိုက်ပွဲဝင်ဖို့ ဒီနေ့ပွဲတွေကို ကျင်းပရတာပါ"

၁၉၄၈ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ် ဝါခေါင်လပြည့်နေ့မှာ မျိုးချစ်မွန်လူငယ်တစုက ဇာသပြင် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နေ့ကို အစွဲပြုပြီး မွန်တော်လှန်ရေးနေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီကစလို့ လက်နက်ကိုင်တော်လှန်နေရာက မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်အစိုးရတို့ ၁၉၉၅ ခုနှစ်မှာ အပစ်ရပ်သဘောတူညီခဲ့ပါတယ်။

ဒါပေမယ့် ၁၉ နှစ်ကြာတဲ့အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကျင်းပဘဲ မနှစ်က ဖေဖော်ဝါရီမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုု အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပဏာမ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။