ခွင့်ပြုချက်မဲ့ အသံချဲ့စက်ဖွင့်သူကို အရေးယူ

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ခွင့်ပြု ချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်သူကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေနဲ့ ဇင်းကျိုက်မြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်ပါတယ်။

မွန်ပြည်နယ် ဇင်းကျိုက်မြို့မှာ အသံချဲ့စက်ဖွင့်ပြီး ကံစမ်းမဲလက်မှတ်ရောင်းနေသူတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ် .

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်သူကို ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေနဲ့ ဇင်းကျိုက်မြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်ပါတယ်။

ခွင့်ပြုချက်မယူဘဲ မနေ့ညနေက အသံချဲ့စက်ဖွင့်လှစ်ခဲ့သူကို ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက တိုင်ကြားခဲ့တာဖြစ် တယ်လို့ ဇင်းကျိုက်မြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖလပ်ရပ်ကွက်မှာ အသံချဲ့စက်အသုံးပြုပြီး ကံစမ်းမဲလက်မှတ်တွေ လိုက်လံရောင်းချခဲ့သူကို အမှုဖွင့်လိုက် တာဖြစ်ပါတယ်။

အဲဒီအမှုကို ပေါင်မြို့နယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မ ၂၇ အရ ဒဏ်ငွေ ကျပ် ၅ထောင် သို့မဟုတ် ထောင်ဒဏ် ၇ ရက် ချမှတ်ခဲ့ရာ တရားစွဲဆိုခံရသူက ငွေဒဏ်ပေးဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကကျင်းပခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်မှာ ခွင့်ပြုချက်မဲ့ အသံချဲ့စက်အသုံးပြုသူတွေကို အရေးမယူတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူပေးဖို့ အဆို အတည်ဖြစ်ခဲ့ပြီးနောက် ဒီအမှုဟာ ပထမဆုံးအမှုဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org