မွန်အမျိုးသားကျောင်း ၁၃၀ ကျော် ကို ထောက်ပံ့ပေးဖို့ အစိုးရထံ တင်ပြ

မွန်စာပေကို အဓိကသင်ကြားပေးနေတဲ့ မွန်အမျိုး သားကျောင်း၁၃၀ ကျော် ကို ထောက်ပံ့ပေးဖို့ ပြည်ထောင်စုအစိုးရထံ တောင်းဆို ထားတယ်လို့ မွန်အမျိုးသားကျောင်း Mon National Education Center တာဝန်ရှိသူတွေက ပြောပါတယ်။

အကြိမ် ၇ဝ မြောက် မွန်အမျိုးသားနေ့မှာ မွန်တိုင်းရင်းသားတွေကို တွေ့ရစဉ်

မွန်စာပေကို အဓိကသင်ကြားပေးနေတဲ့ မွန်အမျိုးသားကျောင်း ၁၃၀ ကျော်ကို ထောက်ပံ့ပေးဖို့ ပြည်ထောင်စု အစိုးရထံ တောင်းဆိုထားတယ်လို့ မွန်အမျိုးသားကျောင်း Mon National Education Center တာဝန်ရှိသူတွေက ပြောပါတယ်။

ကျောင်း ၁၃၀ ကျော်အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး သိန်း ၈၀၀ ထောက်ပံ့ပေးဖို့ တင်ပြထားတယ်လို့ မွန်အမျိုးသားကျောင်း  MNEC တာဝန်ခံ ဦးမင်းအောင်ဇေ က ပြောပါတယ်။

"ကျောင်းပေါင်း ၁၃၃ ကျောင်းအတွက်ကို တစ်နှစ်ကို သိန်း ၈ဝဝ လောက်ရှိမယ်၊ မွန်ပြည်နယ်အစိုးရကို တင်ပြထားပြီး ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရဆီကို တင်ထားတာရှိတယ်၊ ပညာရေးဝန်ကြီး ကနေပြီးတော့ သမ္မတရုံးကိုထပ်တင်ထားတယ်၊ အဲ့အဆင့်မှာရောက်နေပြီ၊ အစိုးရဆီအရင်ဆုံးပဲ တောင်း ထားတာလေ၊ အစိုးရတစ်ခါမှ မထောက်ပံ့ဖူးသေးဘူး"

မိခင်ဘာသာဖြစ်တဲ့ မွန်စာပေတွေကို အဓိကသင်ကြားပေးနေတဲ့ မွန်အမျိုးသားကျောင်းတွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ရှိတာဖြစ်ပါတယ်။

အဲဒီကျောင်းတွေမှာ အခြေခံပညာအဆင့် ၄တန်းနဲ့ ၈တန်း အတန်းတင်စာမေးပွဲတွေကိုတော့ ပညာရေးဝန်ကြီး ဌာနနဲ့ပူးပေါင်းပြီး ဖြေဆိုခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

အရင်က မွန်အမျိုးသားကျောင်းတွေကို မွန်တိုင်းရင်းသားတွေက အဓိကထောက်ပံ့ပေးထားပြီး ပြီးခဲ့တဲ့ ပညာသင်နှစ် ၂နှစ်မှာ UNICEFက ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org