တိုင်ကြားခံရသူ ဝန်ကြီးချုပ်နဲ့ လွှတ်တော်အကြီးအကဲတွေ ကို တွေ့ဆုံမေးမြန်း

တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီး ချုပ်နဲ့ တနသာၤရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လေ့လာ သုံးသပ်ရေးအဖွဲ့က ဒီနေ့ ခေါ်ယူမေးမြန်း ခဲ့ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကို မွန်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနသာၤရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လေ့လာ သုံးသပ်ရေးအဖွဲ့က ဒီနေ့ ခေါ်ယူမေးမြန်းခဲ့ပါတယ်။

တွေ့ရှိချက်တွေကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြသွားမယ်လို့ လေ့လာသုံးသပ်ရေးအဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

"ကျနော်တို့သိချင်တာ သူတို့တင်ပြချင်တာကို မေးရုံပဲ မနက်ပိုင်းမှာ တနသာၤရီတိုင်းက လွှတ်တော်ဥက္ကဌ ဒုဥက္ကဌတွေတယ် မွန်းလွဲတစ်နာရီမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေ့တယ် ကျနော်တို့က လေ့လာသုံးသပ်ရေးကော်မတီဆိုတော့ လေ့လာသုံးသပ်ပြီးတင်ပြရုံပဲ ကျန်တာက CEC ကလုပ်မှာလေ"

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအကြား မပြေလည်မှုတွေ ရှိနေသလို တနသာၤရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဒုတိယဥက္ကဌ နဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကြားမှာလည်း မပြေလည်မှုတွေရှိနေတဲ့အတွက် တိုင်ကြားမှုတွေ ရှိနေတာကြောင့် ခေါ်ယူတွေ့ဆုံ တာဖြစ်တယ်လို့ ပြောပါတယ်။

ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့် နဲ့ ရှေ့နေ ဦးကျော်ဟိုးတို့ ၃ဦးပါ လေ့လာသုံးသပ်ရေးအဖွဲ့ဟာ တိုင်ကြားသူ တွေကိုလည်း ခေါ်ယူမေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org