မိုင်းလားမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံ

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NDAA အဖွဲ့ အထူးဒေသ (၄) မိုင်းလားမြို့မှာ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ တွေ့ဆုံတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေ က RFA ကို အတည်ပြုပြောပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ် Photo: AFP

စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ NDAA အဖွဲ့ အထူးဒေသ (၄) မိုင်းလားမြို့မှာ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ တွေ့ဆုံတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေ က RFA ကို အတည်ပြုပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကတော့ အဲဒီတွေ့ဆုံမှုမှာ မပါဝင်ဘူးလို့ KIA ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ပြောပါတယ်။

ဘယ်အဖွဲ့တွေ တွေ့ကြတယ်၊ ဘာတွေ ဆွေးနွေးတယ်ဆိုတာကို မသိရဘူးလို့ သူကပြောပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူတွေကတော့ မိုင်းလားအဖွဲ့ NDAA၊ ဝ တပ်ဖွဲ့ UWSA၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်တပ်ဖွဲ့ MNDAA စတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပေမယ့် ဘယ်အဖွဲ့ကမှ ဒီတွေ့ဆုံမှု အပေါ် တရားဝင် ထုတ်ပြန်တာ မရှိသးပါဘူး။

နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတွေကတော့ ဒီတွေ့ဆုံမှုဟာ တရုတ်ရဲ့ ဖိအား ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

နိုဝင်ဘာလ ၁ ရက်ကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) က ဗိုလ်ချုပ် ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ (PCG) ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့၊ (KBC) ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

အခု မိုင်းလားတွေ့ဆုံပွဲဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံ ဆွေးနွေးတာ ဖြစ်ပါတယ်။

အသေးစိတ်သိနိုင်ဖို့ RFA က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ ပြောခွင့်ရသူတွေဆီ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org