နိုင်ငံရေး အကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်


2013.08.19
monk-demo-305.JPG ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၃ ရက်နေ့က တကိုယ်တော် ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေ တဲ့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေ ကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသဟာ ရန်ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက်ရှိနေပြီလို့ ပြောပါတယ်။

ပီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်ြမို့ကနေ စတင် လမ်းလျှောက်ကြွနေတာဖြစ်ြပီး လမ်းတစ်လျှောက် ခရီးစဉ်အကြောင်းကို ဆရာတော် ဦးရက္ခဝံသက RFAကို အခုလို မိန့်ပါတယ်။

"ရန်ကုန်မြို့တွင်းမှာတော့ တားဆီးတာတို့ ဘာတို့ရှိတယ်၊ မြို့ပြင်ရောက်တာနဲ့ အတားအဆီး ဘာမှမရှိဘူး၊ လိုအပ်တဲ့အကူအညီတွေ ရှိရင်ပြောပါလို့ လာပြောတာတွေရှိတယ်၊ မြို့တစ်မြို့ဝင်လာရင် လူတွေနည်းနည်းလိုက်ပေး တာတွေ၊ နောက်နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေလာတယ်၊ ဦးဇင်းကို အားပေးတယ်"

ဆရာတော် ဦးရက္ခဝံသဟာ တစ်ရက်ကို မိုင်၂၀ လမ်းလျှောက်နေတာဖြစ်ြီး ညဘက်တွေမှာတော့ ရောက်ရှိတဲ့ နယ်ဒေသတွေက ဘုန်းြကီးကျောင်းတွေမှာ သီတင်းသုံးတယ်ို့ သိရပါတယ်။

လမ်းလျှောက် ခရီးထွက်လာတာဟာ ဒီနေ့ဆိုရင် ၉ ရက်မြောက်နေ့ ရောက်ရှိပြီဖြစ်တာကြောင့် မန္တလေးကို ရောက်ရှိဖို့ ၁၅ ရက်နီးပါးကြာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်ြမို့ မြို့တော်ခန်းမရှေ့မှာ တစ်ပါးတည်း ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။