မုံရွာ ပစ်ခတ်မှု ဦးခေါင်းကျည်ထိမှန်သူ တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဇာနည်လမ်းနဲ့ ဗိုလ်တေဇလမ်းထောင့်က နေအိမ်ထဲကို စစ်ကောင်စီတပ်က လူဝင်ရောက်ဖမ်းဆီးရာ ရပ်ကွက်နေပြည်သူတွေနဲ့ ဒီမနက်က ပြဿနာဖြစ်ပွားခဲ့ပါတယ်။

မုံရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဦးခေါင်းကျည်ထိမှန် သေဆုံးသူတစ်ဦးကို ၂၀၂၁ မတ် ၂၁ ရက်နေ့က သယ်ဆောင်လာစဉ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဇာနည်လမ်းနဲ့ ဗိုလ်တေဇလမ်းထောင့်က နေအိမ်ထဲကို စစ်ကောင်စီတပ်က လူဝင်ရောက်ဖမ်းဆီးရာ ရပ်ကွက်နေပြည်သူတွေနဲ့ ဒီမနက်က ပြဿနာဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်က ပစ်ခတ်တာကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ နောက်ထပ် နှစ်ဦးလည်း မျက်ခုံးနဲ့ ခြေထောက်တို့မှာ ကျည်ထိမှန်သွားတယ်လို့ သိရပါတယ်။

မုံရွာမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ဒီနေ့အထိ သေဆုံးသူ ၁၁ ဦးရှိသွားပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org