ပြန်ဖမ်းမိတဲ့ အချုပ်သား ၃ ယောက်ကို အမှုဖွင့်အရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တရားရုံး အချုပ်ကနေ ထွက်ပြေးသွားသူ ၇ ဦးထဲက ပြန်လည် ဖမ်းမိထားတဲ့ အချုပ်သား ၃ ယောက်ကို အချုပ်ဖောက်ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ အရေးယူထားတယ်လို့ မုံရွာမြို့ရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောပါတယ်။
-
2017-11-04 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တရားရုံး အချုပ်ကနေ ထွက်ပြေးသွားသူ ၇ ဦးထဲက ပြန်လည်ဖမ်းမိထားတဲ့ အချုပ်သား ၃ ယောက်ကို အချုပ်ဖောက်ထွက်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ အရေးယူထားတယ်လို့ မုံရွာမြို့ရဲစခန်းမှူး ဒုရဲမှူးကျင်စိန် က ပြောပါတယ်။
ထွက်ပြေးနေဆဲဖြစ်တဲ့ အချုပ်သား ၄ ယောက်ကို ရှာဖွေနေဆဲဖြစ်ပြီး ပြန်မိတဲ့ ၃ ယောက်ကို အချုပ်ခန်းထွက်ပြေးမှု နဲ့ အရေးယူထားတာဖြစ်တယ်လို့ ဒုရဲမှူးကျင်စိန်က ပြောပါတယ်။
"အဲဒါတော့ ကျနော်တို့ ရရှိတဲ့သတင်းတွေနဲ့ တောက်လျှောက်လိုက်ပြီးတော့ ဆက်စပ်နယ်မြေတွေနဲ့ ဆက်စပ်စခန်းတွေနဲ့ စုံစမ်းဖမ်းဆီးတုန်းပါပဲခင်ဗျ၊ သူတို့ကို ထပ်ပြီးအမှုဖွင့်ထားပါတယ်ခင်ဗျ၊ အဲဒီ ဖျက်ဖောက် ထွက်ပြေးမှုနဲ့ အရေးယူထားပါတယ်ခင်ဗျ၊ ၂၂၄ ပါဗျ၊ ရာဇသတ်ကြီး ပုဒ်မနော်။ အားလုံးပေါင်း ၇ ယောက်ပေါ့ဗျာ၊ ၃ ယောက်ပြန်မိတယ်ပေါ့။ ရှေ့က ၄ ယောက်ကနေပြီး သူတို့ကို ဆွယ်တာပေါ့။ လိုက်ပြေးရင်ပြေး ဘာညာနဲ့ သူတို့ကို ပြောလို့ လိုက်ပြေးရင်းနဲ့ နောက်ကျတော့ အဖမ်းခံရတာပေါ့။ အဲလို ပြောဆိုပါတယ်"
ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေနဲ့ ပြန်ဖမ်းမိတဲ့ အချုပ်သားတွေဟာ မူးယစ်ဆေးဝါးအမှုတွေ၊ အဓမ္မပြုကျင့်မှု ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေဖြစ်ပါတယ်။
အဲဒီအချုပ်သားတွေ ထွက်ပြေးသွားချိန်မှာ တာဝန်ကျတဲ့ ရဲတပ်သား ၄ ယောက်လည်း ထွက်ပြေးနေတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် အဲဒီရဲတပ်သားတွေဟာ ခွင့်မဲ့ပျက်ကွက်နေပြီး ထွက်ပြေးသွားတယ်လို့ အတည်ပြုလို့ မရသေးကြောင်း ဒုရဲမှူးကျင်စိန်က ပြောပါတယ်။