မုံရွာက စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရသူတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က စစ်ကောင်စီသတင်းပေး (ဒလန်) လို့ စွပ်စွဲခံရသူ ကိုချမ်းသာမိုးကို အမည်မသိ လူနှစ်ယောက်က ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံလို့ သေဆုံးသွားတဲ့ ကိုချမ်းသာမိုးကို တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က စစ်ကောင်စီသတင်းပေး (ဒလန်) လို့ စွပ်စွဲခံရသူ ကိုချမ်းသာမိုးကို အမည်မသိ လူနှစ်ယောက်က ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

ကိုချမ်းသာမိုးရဲ့ ခေါင်းနဲ့ ရင်ဘတ်ကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မနက်က အစောကြီးပဲ။ ချမ်းသာမိုးက သူ့အိမ်ရှေ့က ကွမ်းယာဆိုင်မှာ ပြင်ဆင်နေတုန်း ယောင်္ကျားလေး နှစ်ယောက် ရောက်လာပြီးပစ်သွားတာ။ အရင်ကလည်း သူက ဓားနဲ့ခုတ်ခံရဖူးတယ်။ မသေဘူး။ အဲဒီ နောက် ရပ်ကွက်ထဲပိုဆိုးလာတာ။ သူ့ကြောင့် ဒုက္ခရောက်သူတွေ အများကြီးပဲ "

အဲဒီလုပ်ကြံမှုကို မုံရွာမြို့က ဒေါနမောင်မောင်နဲ့ အဖွဲ့က လုပ်သွားတယ်လို့ သတင်းထွက်နေကြောင်း ဒေသခံတွေက ပြောနေကြပါတယ်။

မုံရွာမြို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး၊ သတ်ဖြတ်တာတွေနဲ့ လမ်းမမှာ စစ်ဆေး တာတွေ တင်းတင်းကျပ်ကျပ်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က အလုံရပ်ကွက်က သံဃာ သုံးပါးနဲ့ လူ ၁၁ ယောက်ကို စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org