မုံရွာမြို့က စစ်ကောင်စီနဲ့ ဆိုင်တဲ့နေရာတွေကို ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ရဲစခန်းနှစ်ခု၊ စီးပွားရေးဘဏ်နဲ့ အကောက်ခွန်ရုံးတွေကို သတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၂၀ ရက် မနေ့ညပိုင်းမှာ မိုင်းထောင် ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မုံရွာဒေသခံ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်ကို တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ရဲစခန်းနှစ်ခု၊ စီးပွားရေးဘဏ်နဲ့ အကောက်ခွန်ရုံးတွေကို သတင်းကျွတ် လပြည့်နေ့ ဖြစ်တဲ့ အောက်တိုဘာလ ၂၀ ရက် မနေ့ညပိုင်းမှာ မိုင်းထောင်ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မုံရွာဒေသခံ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖောက်ခွဲမှုတွေကို မနေ့ည ၈ နာရီခွဲကစလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (South Monywa) နဲ့ Monywa Hereos Group (MHG) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မုံရွာမြို့က အမှတ် (၁) ရဲစခန်း၊ အမှတ် (၂) ရဲစခန်း၊ စစ်ကောင်စီပိုင် မြန်မာ့စီးပွားရေးဘဏ်နဲ့ အကောက်ခွန်ရုံးတွေဖြစ်တယ်လို့ မုံရွာ PDF ကဆိုပါတယ်။

အမှတ် (၂) ရဲစခန်းပေါက်ကွဲမှုမှာ အစောင့်ရဲတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိနိုင်သလို အကောက်ခွန်ရုံး မှာတော့ အစောင့်ရဲတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ထိခိုက်သေဆုံးမှု တိတိကျကျကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သတင်းကျွတ်လပြည့်နေ့ည လှုပ်ရှားမှုအနေနဲ့ မုံရွာမြို့ပေါ်က စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာ ခြောက်နေရာ ကို မိုင်းထောင်ဖောက်ခွဲခဲ့ပေမယ့် နှစ်နေရာမှာ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ပြည်သူတွေကို တောင်းပန်တယ်လို့လည်း မုံရွာ PDF ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org