မုံရွာ အမှတ် ၂ ရဲစခန်း တိုက်ခိုက်ခံရလို့ ဆယ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က အမှတ် ၂ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စုပေါင်းပြီး ဧပြီလ ၁၆ ရက် ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဆယ်ဦး သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့မ ရဲစခန်းအား တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်က အမှတ် ၂ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စုပေါင်းပြီး ဧပြီလ ၁၆ ရက် ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်က ဆယ်ဦး သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒီမနက်အစောပိုင်း တစ်နာရီလောက်ကစပြီး အပြန်အလှန်ပစ်ခတ်သံတွေကြားရကာ သေဆုံးတာတွေလည်းရှိတယ်လို့ မုံရွာမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“မနက် ၁ နာရီကျော်လောက်မှာ ပစ်သံတွေစကြားရတာပဲ၊ အပြန်လှန်ပစ်ကြတာ တော်တော်ကြာတယ်။ ကာကွယ်ရေးတပ်သားတွေဘက်ကတော့ အထိခိုက်ရှိတယ်လို့ မကြားဘူး၊ ရဲတွေဘက်ကတော့ သေတယ်လို့ ကြားတယ်။ မြို့ထဲ ဒီမနက်လည်း အစစ် ဆေးတွေရှိတယ်။ ကားတွေနဲ့ မြို့ပတ်နေကြတာ“

ဒီတိုက်ခိုက်မှုတွေကို Monywa The Boys၊ Monywa Ranger group / Truth Army၊ Chindwin Attack Force နဲ့ Northwest Plains Revoiutionary Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့တွေရဲ့ ဒီနေ့ ထုတ်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲ နာရီဝက်ကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦး သေဆုံး တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မုံရွာက စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နေရာမရွေး အလစ်ငိုက် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အဝေးဆုံးမှာနေကြဖို့ဆိုပြီး မုံရွာက ဒေသ ခံကာကွယ်ရေး PDF တပ်ဖွဲ့တွေက အခုလ ၁၃ ရက်နေ့ကလည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်ကလည်း မုံရွာမြို့ အာဇာနည်လမ်းပေါ်မှာလည်း စစ်ကောင်စီတပ် တွေနဲ့ PDF တွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြလို့ ရဲတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org