တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၁ ယောက်တိုး၊ နှစ်ဦး ထပ်သေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း၊ဖောင်ကြီး ဗိုင်းရပ်စ်ကုသရေးဌာနမှာ ဆေးကုသနေတဲ့ အသက် (၈၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးသွားတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရောဂါပြန်လည်သက်သာပြီး စစ်တွေပြည်သူ့ဆေးရုံကြီးကပြန်ဆင်းလာသူများ။ RFA/ နီမင်းထွန်း

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ၉၉ ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့ ည ၈ နာရီခွဲမှာ ထုတ်ပြန်ကြေညာပါတယ်။

လူနာသစ် ၉၂ ယောက်တွေ့ရှိကြောင်း ဒီမနက်ပိုင်းမှာ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တစ်ရက်လုံးမှာ တွေ့ရှိတဲ့လူနာ စုစုပေါင်း ၁၉၁ ယောက် ရှိပါတယ်။

ဗိုင်းရပ်စ်ကြောင့် ဒီကနေ့  နှစ်ယောက်ထပ်ပြီး သေဆုံးသွားပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း ဖောင်ကြီး ဗိုင်းရပ်စ်ကုသရေးဌာနမှာ ဆေးကုသနေတဲ့  အသက် (၈၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတာပါ။

သေဆုံးသွားသူနှစ်ယောက်ဟာ ဆီးချို၊ သွေးတိုးရောဂါ အခံတွေရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု သေဆုံးတဲ့သူ စုစုပေါင်း ၁၀ ယောက် ရှိသွားပြီဖြစ်ပြီး အခုအချိန်ထိ တစ်နိုင်ငံလုံးမှာ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၁၇၀၉ ယောက်ရှိသွားပါပြီ။

ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း အယောက် ၄၆၀ ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org