ရေဘေးဒုက္ခသည် တစ်သိန်း သုံးသောင်း ရှိပြီ

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့် ထက်မှုကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကချင် စတဲ့ တိုင်းနဲ့ပြည် နယ် ၆ခုမှာ ရေဘေးဒုက္ခသည် ၁သိန်း ၃ သောင်းနီးပါးအထိ ရှိနေပါတယ်။

မန္တလေးမြို့က ရေဘေးဒုက္ခသည်တွေကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ် Photo: Hset Paing Toe/ RFA

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့်ထက်မှုကြောင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကချင် စတဲ့ တိုင်းနဲ့ပြည်နယ် ၆ခုမှာ ရေဘေးဒုက္ခသည် ၁သိန်း ၃ သောင်းနီးပါးအထိ ရှိနေပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ရေကြီးနိုင်တဲ့အတွက် ကူညီထောက်ပံ့ပေးဖို့ ပြင်ဆင်ထားတယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ဖြစ်နိုင်တဲ့နေရာတွေမှာတော့ ကျမတို့ရဲ့ရုံးတွေလည်း ရှိတယ်ဆိုတဲ့အခါမှာတော့ အဆင်သင့်ထောက်ပံ့နိုင် ဖို့ကတော့ ကျမတို့က ပြင်ဆင်ထားတယ်၊ ဖြစ်နိုင်ခဲ့ရင် ပြောင်းရွှေ့ပေးမယ့် အစီအမံတွေက သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်၊ သူတို့လည်း ပြောင်းဖို့ရွှေ့ဖို့ လိုလာပြီဆိုရင် ဆောင်ရွက်မယ့်အစီအမံတွေကို သူတို့ပြည်နယ်တိုင်းတွေမှာ ဆောင်ရွက်နေတယ်"

မကွေးတိုင်းက လူဦးရေ ၆ သောင်းနီးပါး ရေဘေးဒုက္ခရောက်နေပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ ၄ သောင်းနီးပါး၊ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၂ သောင်းကျော် ရေဘေးဒဏ်ခံနေရတာ ဖြစ်ပါတယ်။

ပြောင်းရွှေ့နေထိုင်ရတဲ့ သူတွေအတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့်နဲ့ ငါးသေတ္တာ စတဲ့ စားနှပ်ရိက္ခာတွေကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ပေး နေပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံအနံှ့ မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org