ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ လုံခြုံရေးအဆင့် တိုးမြှင့်ချထားမည်

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပ မယ့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ် မှာ အောင်မြင်စွာနဲ့ ကျင်းပနိုင်ရေးအတွက် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၃ ခုကို အဆင့်မြင့်လုံခြုံရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ်ထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး ကို သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့မှာတွေ့ရစဉ် Photo: Min Thein Aung/RFA

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ အောင်မြင်စွာနဲ့ ကျင်းပနိုင်ရေး အတွက် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၃ ခုကို အဆင့်မြင့်လုံခြုံရေး ဆောင်ရွက်ရမယ့် မြို့နယ်တွေ အဖြစ်သတ်မှတ်ထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောပါတယ်။

စစ်တွေမြို့က အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံပြီး ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးဆောင်ရွက်မယ့် အခြေအနေတွေကိုရှင်းပြခဲ့ရာမှာ ရဲမှူးကြီး နေမျိုးက ပြောတာပါ။

"စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်ကိုတော့ ကျနော်တို့က ထူးနေတဲ့အဆင့်မြင့်အခြေအနေ သက်မှတ်ပြီးတော့မှ ဒီအထဲမှာ သတင်းရရှိရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေပေါ့နော် ကျနော်တို့တပ်ဖွဲ့အစီအမံနဲ့ ကျန်တဲ့ဘေးထွက်အခြေအနေကို ပေါင်းစပ် ပြီးတော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ရွေးကောက်ပွဲကာလတွေမှာ ဝှိုက်ကတ်မဲပေးမယ့်ကိစ္စတွေ အခြားသောကိစ္စတွေနဲ့ဆက်နွယ်ပြီးတော့ နယ်စပ်တလျှောက်မှာလည်း RSO အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ဟာ ဖြစ်ပေါ်လာနိုင်ပါတယ်၊ ဗုံးကွဲတာတွေ ဒါတွေကိုလည်း ကျနော်တို့ သတင်းရယူရေး ဆောင်ရွက်နေ ပါတယ်"

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမျိုးရေး အခြေအနေတွေအပေါ်မူတည်ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေကို စောင့်ကြည့်ရမယ့် မြို့နယ်တွေအဖြစ်လည်း သတ်မှတ် ပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် ဆောင်ရွက်မှုတွေ ရှိလာနိုင်တာကြောင့် သံဃာတော်တွေ၊ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေက သတိထား ပြီး စောင့်ကြည့်ကြဖို့ကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org