ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည်တွေ ပိုများလာ

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP /SSA နဲ့ အစိုးရတပ်မတော်တို့ မိုင်းရှုးမြို့ နဲ့ ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂၇ဝဝ ကျော်ရှိနေပြီး သူတို့ကို မိုင်းရှုးမြို့နယ် ဟိုင်းပါနဲ့ ဝမ်ဆော့ ဘုန်းတော် ကြီးကျောင်းတွေမှာ နေထိုင်ရေးအတွက် ကူညီထားရတယ် လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြော ပါတယ်။

ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တချို့ကို တွေ့ရစဉ် Photo:Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP /SSA နဲ့ အစိုးရတပ်မတော်တို့ မိုင်းရှုးမြို့နဲ့ ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေး ဒုက္ခသည် ၂၇ဝဝ ကျော်ရှိနေပြီး သူတို့ကို မိုင်းရှုးမြို့နယ် ဟိုင်းပါနဲ့ ဝမ်ဆော့ ဘုန်းတော် ကြီးကျောင်းတွေမှာ နေထိုင်ရေးအတွက် ကူညီထားရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဒ့ါကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်း လူငယ်ကွန်ရက်အဖွဲ့က ကိုစိုင်းစုက ပြောပါတယ်။

"မနေ့ကမှ ရှမ်းပြည်နယ်လုံးဆိုင်ရာကနေသွားပြီးတော့ ဆန်တွေသွား ထောက်ပံ့တာလေ၊ ကျနော်တို့မေး ကြည့်တော့ ခန့်မှန်း ၂ နှစ်ရာရှိတယ်၊ မိုင်းရှုးကြားထဲက ဟိုင်းပါရယ်၊ နောက်တစ်ခုက ဝမ်ဆော့ရယ်၊ နှစ်နေ ရာပေါင်းတော့ ဒုက္ခသည်ပေါင်း ၂၇ဝဝ ရှိသွားပြီ၊ စားဝတ်နေရေးကအရမ်းဒုက္ခဖြစ်တယ်၊ စိတ်ပိုင်းဆိုင်ရာရယ်၊ ရုပ်ပိုင်းဆိုင်ရာရယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းလိုအပ်တယ်၊ အဓိကကတော့ ဝမ်ဟိုင်းပတ်လည် ဆိုတော့ ကျေးသီးရယ်၊ မိုင်းရှုးရယ်ပေါ့"

စစ်ဘေးရှောင် ဒုက္ခသည်ဦးရေများလာတဲ့အတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ ရှမ်းလူငယ်ကွန်ယက်အဖွဲ့ က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက မိုင်းရှုးနဲ့ကျေးသီးမြို့နယ်ကြားတိုက်ပွဲ တွေအဆက်မပြတ်ဖြစ်နေ တာကြောင့် အဲဒီမြို့နယ်တွေမှာရှိတဲ့ ကျေး ရွာတွေက ရွာသားတွေဘေးလွတ်ရာကို ထွက်ပြေးနေရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org