Morning Star စားသောက်ဆိုင်ကို ဖယ်ရှား

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ရန် ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးမှာ ဖွင့်လှစ်ထားတဲ့ Morning Star စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ သစ်တောဦးစီးဌာနတို့က ဖြိုချဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးမှာရှိတဲ့ Morning Star စားသောက်ဆိုင်ကို ဇွန်လ ၁၁ ရက်နေ့က ဖြိုချဖယ်ရှားစဉ် Photo: Kaung Htet Kyaw/RFA

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အနီးမှာ ဖွင့်လှစ်ထားတဲ့ Morning Star စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ သစ်တောဦးစီးဌာနတို့က ဖြိုချဖယ်ရှားခဲ့ပါတယ်။

အဲဒီဆိုင်ကို ဖယ်ရှားပေးဖို့ သတိပေးစာ အကြိမ်ကြိမ်ပေးပို့ခဲ့ပေမယ့် မဖယ်တာကြောင့် အခုလို ဖျက်လိုက်တာဖြစ် တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော် က ပြောပါတယ်။

"ကျနော်တို့ ၁၉၅၅ ခုနှစ်ပေါ့နော်၊ ကျနော် အစိုးရမြေဥပစာ အက်ဥပဒေ ၃  နဲ့ ၁၉၆၁ ခုနှစ် အစိုးရမြေ ဥပစာ နှင်ထုတ်ခြင်း ဒုတိယအကြိမ်အရ ကျနော်တို့ဟာ  ဒီဟာသည် သစ်တောဦးစီးဌာနပိုင်မြေဖြစ်တယ်၊ ဒီမြေပေါ်ကနေ Morning Star  စားသောက်ဆိုင်ကို တရားဥပဒေနဲ့အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့  လမ်းညွှန်ချက်အရ ကျနော်တို့ ဖယ်ရှားတာဖြစ်ပါတယ်၊ သူတို့ကို အစကတည်းက  တရားဥပဒေနဲ့အညီ ဖယ်ရှားဖို့အတွက်ကို ကျနော်တို့က သတင်းပေးစာတွေ ၂  ကြိမ်ရှိပြီ ထုတ်ပြီးတဲ့အချိန်မှာ သူတို့ဟာ  ဖယ်ရှားမှု မရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဟာ ခုနကပြောတဲ့ဥပဒေအရ  ဖယ်ရှားရတာဖြစ်ပါတယ်"

Morning Star စားသောက်ဆိုင်မြေနေရာဟာ သစ်တောဦးစီးဌာနပိုင်ဖြစ်ပြီး ၂၀၀၂ခုနှစ်ကစပြီး ငှားရမ်းထား တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ မတ်လကစပြီး ငှားရမ်းခ ကောက်ခံခြင်းမရှိတော့ဘဲ ၂၀၁၃ ခုနှစ် သြဂုတ်လ နောက်ဆုံးထားဖယ်ရှားပေးဖို့ စတင်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီဆိုင်မြေနေရာကို သစ်တောဦးစီးဌာနက ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနထံ လွဲှပြောင်းပေးအပ် မှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org