ဟားခါးမြို့ ကယ်ဆယ်ရေးစခန်းက အိမ်ထောင်စုများ နေရာရွှေ့မည်

ချင်းပြည်နယ်၊ ဟားခါးမြို့က ဘိတဲလ်ဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းက အိမ်ထောင်စု ၆၀ ကျော်ကို ဟားခါးမြို့က ချင်းပြည်နယ်အစိုးရပိုင် စိုက်ပျိုးရေးခြံဝန်းထဲမှာ နေရာချထားပေးဖို့အတွက် ဒီနေ့ စတင်ပြင်ဆင်နေပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့က ကယ်ဆယ်ရေးစခန်းတစ်ခုကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Htoon Naing/RFA

ချင်းပြည်နယ်၊ ဟားခါးမြို့က ဘိတဲလ်ဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းက အိမ်ထောင်စု ၆၀ ကျော်ကို ဟားခါးမြို့က ချင်းပြည်နယ်အစိုးရပိုင် စိုက်ပျိုးရေးခြံဝန်းထဲမှာ နေရာချထားပေးဖို့အတွက် ဒီနေ့ စတင်ပြင်ဆင်နေပါတယ်။

ယာယီတဲတွေ ဆောက်လုပ်ပြီး နေထိုင်ရမှာဖြစ်တယ်လို့ ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက ပြောပါတယ်။

"လွတ်တဲ့နေရာမှာပဲ ယာယီတဲ့အတွက် ပြည်နယ်အစိုးရက ခွင့်ပြုလိုက်တယ်၊ အဲတော့အဆင်မပြေဘူး၊ သစ်သားတွေ အိမ်ဆောက်ဖို့ပစ္စည်းတွေက လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အခါမှာ ကားကမသယ်နိုင် ဘူး၊ လောလောဆယ် မိုးကာကိုပဲလုပ်ရမှာဖြစ်တယ်

၁၀ ပေ၊ ၁၂ ပေကျယ်တဲ့ တဲတွေ ဆောက်လုပ်ဖို့အတွက် ဒီနေ့စတင်ပြင်ဆင်နေတာဖြစ်ပြီး အခုတပတ်အတွင်း အပြီးဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ချင်းပြည်နယ်မှာ မြေပြိုတာတွေ၊ မြေအက်ကွဲတာတွေကြောင့် ဟားခါးမြို့ ရပ်ကွက် ၆ ခုထဲက မြို့ဟောင်း၊ ပြည်တော်သာ၊ ဈေးဟောင်းနဲ့ ကျောပုတ် စတဲ့ ရပ်ကွက်တွေမှာ လူနေထိုင်ဖို့ မသင့်တော့တဲ့အတွက် ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နေကြရပါတယ်။

ဟားခါးမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ မြေပြိုတာတွေဖြစ်တဲ့အတွက် အိမ်ခြေ ၅၀၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org