ဧည့်ရိပ်သာတည်းခိုနှုန်းတိုးမြှင့်မှု လက်မခံနိုင်ကြောင်း လွှတ်တော်မှာတင်ပြ

လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တည်းခိုခန်းခကို တစ်ရက် ကျပ် ၂ထောင်ကနေ ၅ထောင်အထိ တိုးမြှင့်ကောက်ခံမှာဖြစ်သလို ဒီနှစ် ဇန်နဝါရီလကစပြီး တည်းခိုခဲ့တာကို တွက်ချက် ပြီး ပြန်ပေးရမယ်လို့ စည်ပင်ဧည့်ရိပ်သာက စာထုတ်ထား တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက သဘော မတူကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်

လွှတ်တော်အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တည်းခိုခန်းခကို တစ်ရက် ကျပ် ၂ထောင်ကနေ ၅ထောင်အထိ တိုးမြှင့်ကောက်ခံ မှာဖြစ်သလို ဒီနှစ် ဇန်နဝါရီလကစပြီး တည်းခိုခဲ့တာကို တွက်ချက်ပြီး ပြန်ပေးရမယ်လို့ စည်ပင်ဧည့်ရိပ်သာက စာထုတ်ထားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက သဘောမတူကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

စည်ပင်ဧည့်ရိပ်သာမှာ နေထိုင်နေတဲ့ ကိုယ်စားလှယ်တွေရဲ့တည်းခိုစရိတ်ကို နောက်ကြောင်းပြန်ပြီး ပြန်ပေးရမယ် ဆိုတာကို သဘောမတူကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်က တင်ပြခဲ့ပါတယ်။

"လောလောဆယ်ကတော့ စည်ပင်တန်းလျားမှာနေရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ ယနေ့အချိန်မှာ မအိပ်နိုင်မစားနိုင် ရင်ထုမနာ သောကပြဿနာတစ်ခုဖြစ်နေပါတယ်၊ အဲ့ဒါကတော့ ၂ဝ၁၅ ခုနှစ် လွှတ်တော်တက် အစကစပြီး တန်းလျားမှာနေတဲ့ အခန်းခကို ငါးထောင်ကျပ်စီ နောက်ကြောင်းပြန်ပြီး ပေးရမယ်လို့ စည်ပင်က အမိန့်ထုတ်ထားပါတယ်၊ နောက်ကြောင်းပြန်ပေးရင် ကျပ် ၁ဝ သိန်းလောက် ပြန်ပေးရပါမယ်၊ အဲဒါဥပဒေနဲ့လည်း မညီပါ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေအတွက် ခက်ခဲပြီး မကျေနပ်ဖြစ်နေပါတယ်၊ အဲဒီ့အမိန့်အတိုင်း လိုက်နာဖို့ခက်ခဲပါတယ်"

တည်းခိုစရိတ်ဟာ အရင်က တစ်ရက်ကို ကျပ်နှစ်ထောင် ပေးသွင်းရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက သုံးထောင်ထပ်တိုးပြီး တစ်ရက်ကို ငါးထောင်ကျပ်နှုန်းနဲ့ ပေးသွင်းရမှာဖြစ်တယ်လို့ စည်ပင်ဧည့်ရိပ်သာက စာထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး နေထိုင်တဲ့စရိတ်ကိုပါ တွက်ချက်ပြီး သွင်းရမှာဖြစ်တဲ့အတွက် ကိုယ်စားလှယ်တစ်ဦးဟာ အနည်းဆုံး ငွေကျပ် ၅သိန်းကျော် ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါတယ်။

စည်ပင်ဧည့်ရိပ်သာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ ၁၀၀ ကျော် နေထိုင်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org