မြောက်ဦးမြို့မှာလုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှိ ရှေးဟောင်း စေတီပုထိုးတော်တွေနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးတွေမှာ တနင်္ဂနွေနေ့ မနေ့က ညနေပိုင်းကစတင်ပြီး လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်း စေတီပုထိုးတော်တွေနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးတွေမှာ တနင်္ဂနွေနေ့ မနေ့က ညနေပိုင်းကစတင်ပြီး လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားခဲ့တယ်လို့သိရပါတယ်။

အခုလို လုံခြုံရေး တိုးမြှင့်တာနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်မှာတာဝန်ကျနေတဲ့ တပ်မတော် အရာရှိတစ်ဦးက

"ကျွန်တော်တို့ ဘုရားနဲ့ သာသနိက အဆောက်အဦးတွေ နောက်ပြီးတော့ ထင်ရှားတဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုအပ်တဲ့ အတွက် လုံခြုံရေးတိုးချလာတာပါ။ဗုဒ္ဓဂါယာ ဗုံးခွဲတာတွေရှိတော့ ကျွန်တော်တို့ ဒီဘက်မှာလည်း မဖြစ်ခင် ကာကွယ်တဲ့ သဘောပါ"

ဒါ့အပြင် မြောက်ဦးမြို့နယ် ကျေးရွာတွေမှာလည်း လုံခြုံရေးအတွက် ပြင်ဆင်လုပ်ဆောင်ဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး အသီးသီးကို မြို့နယ်အာဏာပိုင်တွေက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
ဘူသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သောကြာနေ့က လုံခြုံရေး တိုးမြှင့်ခဲ့ပြီးနောက် အခုလို မြောက်ဦးမြို့နယ်မှာလည်း လုံခြုံရေးတွေတိုးချဲ့တဲ့ သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org