အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ကုလအထူးကိုယ်စားလှယ် အုပ်ချုပ်ရေးကောင်စီ ဒု-ဥက္ကဋ္ဌကိုပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Christine Burgener က မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Christine Burgener။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Christine Burgener က မြန်မာစစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပြီး ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကုလအထူးကိုယ်စားလှယ်တို့ မနေ့က Video ကနေ တဆင့်ပြောကြားရာမှာ အခုလို ပြောဆိုခဲ့တာလို့ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ Ms. Burgener တို့ မနေ့ညက ဗီဒီယိုကနေတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မြန်မာနိုင်ငံက ရွေးကောက်ပွဲကျင်းပပုံ၊ ရွေးကောက်ပွဲ ကော်မရှင် UEC ရဲ့ ဆောင်ရွက်မှု၊ တပ်မတော်က UEC ကို မဲစာရင်း ထပ်နေတာကို ဖြေရှင်းပေးဖို့ တင်ပြခဲ့ပုံနဲ့ UEC ရဲ့ တုံ့ပြန်ချက်တွေအပြင် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပဖို့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တင်ပြခဲ့ပေမယ့် ပယ်ချခံရမှု၊ ကာလုံခေါ်ယူဖို့ တင်ပြတာကိုလည်း သမ္မတရုံးကို ပယ်ချခဲ့မှုတွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သိရှိလိုတဲ့အချက်တွေကို ပြန်လည်မေးမြန်းခဲ့ပြီး တပ်မတော်ဘက်ကလည်း လိုအပ်တာတွေကို ပြန်လည်ဆွေးနွေး တင်ပြခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org