လူ့အခွင့်အရေး ကိုယ်စားလှယ် သတင်းလွတ်လပ်ခွင့် ဆွေးနွေး

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရန်ကုန်မြို့ ဗဟန်း မြို့နယ်မှာရှိတဲ့ ကုလသမဂ္ဂဖံ့ွဖြိုးရေး အစီအစဉ် UNDP ရုံးမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အဖွဲ့ဝင်တွေ၊ ရုပ်သံမီဒီယာနဲ့ ပုံနှိပ်မီဒီယာမှာ လုပ်ကိုင်နေ သူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ် Photo: Min Thein Aung/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မှာရှိတဲ့ ကုလသမဂ္ဂဖံ့ွဖြိုးရေး အစီအစဉ် UNDP ရုံးမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အဖွဲ့ဝင်တွေ၊ ရုပ်သံမီဒီယာနဲ့ ပုံနှိပ်မီဒီယာ မှာ လုပ်ကိုင်နေသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေ အနေတွေကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တွေ့ဆုံပွဲမှာ ရုပ်သံဥပဒေကြမ်းနဲ့ပတ်သက်ပြီး တင်ပြခဲ့သလို မြန်မာနိုင်ငံမှာ သတင်းထောက်တွေ အပြင် ထုတ်ဝေသူတွေပါ ဖမ်းဆီးအရေးယူခံနေရ တာတွေကို ပြောပြခဲ့တယ်လို့ ဒီမိုကရက်တစ် မြန်မာ့ အသံ DVB ရဲ့ မြန်မာပြည်ရုံး တာဝန်ခံ ဦးတိုးဇော်လတ် က ပြောပါတယ်။

"ကျနော်တို့ကတော့ လက်ရှိဖြစ်ပျက်နေတဲ့ဟာ လက်ရှိဖြစ်နေရတဲ့ အခက်အခဲအဖြစ်အပျက် အဲ့လိုပဲပြော ကြတာပေါ့၊ ကိုယ့်ဆိုင်ရာဆိုင်ရာ ကဏ္ဍအလိုက် ပြောကြပါတယ်၊ အခုပြန်ပြီး ၁၉ ရက်နေ့မှာ ပါလီ မန်ပြန်စရင် အခုအသစ်ရေးဆွဲထားတဲ့ အစီအစဉ် မီဒီယာဥပဒေတွေပါလာမယ်လေ၊ အသံလွှင့်မီဒီယာ ကိစ္စတွေပေါ့"

မစ္စရန်ဟီးလီနဲ့ တွေ့ဆုံရာမှာ ဦးသီဟစော၊ ဦးစည်သူအောင်မြင့်၊ ဦးဆန်နီဆွေ၊ ဦးကျော်စွာမင်းနဲ့ မသီတာ (စမ်းချောင်း) တို့လည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍမှာ လွတ်လပ်ခွင့်တွေရှိလာပြီဖြစ်ပေမဲ့ ထိန်းချုပ်မှုတွေ ရှိနေသေးကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံမှုအပြီးမှာ မစ္စရန်ဟီးလီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ကို သွားရောက်ပြီး အရပ်ဘက် လူမှုအဖဲ့ွအစည်းတချို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ အစီရင်ခံစာ တင်ပြမှာဖြစ်ပါတယ်။

RFA သတင်းထောက် မစန်းမော်အောင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org