မူဆယ်မြို့နယ် ဗုံးပေါက်ကွဲမှု ရဲအုပ် ၂ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းမှာ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးအတွက် မူးယစ်အထူးတပ်ဖွဲ့ က ရှောင်တခင် စစ်ဆေးမှုတွေ လုပ်နေရင်း ဗုံးတစ် လုံးပေါက်ကွဲခဲ့လို့ မူးယစ် အထူးတပ်ဖွဲ့က ရဲအုပ် နှစ်ယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် မူးယစ်အထူးတပ်ဖွဲ့ က ရှောင်တခင်စစ်ဆေးမှုတွေ လုပ်နေရင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ မူးယစ် အထူးတပ်ဖွဲ့က ရဲအုပ် နှစ်ယောက် သေဆုံး ခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကတော့ မူဆယ်မြို့နယ် လုံခန်ကျေးရွာအနီးမှာဖြစ်ပြီး မူးယစ်ဆေးဝါး တားဆီးစစ်ဆေးမှုတွေ လုပ်ဖို့ သွားရောက်ချိန်မှာ ဧပြီလ ၁၁ ရက်နေ့ မနေ့က ညနေ ၄ နာရီ လောက်က ပေါက်ကွဲသေဆုံးခဲ့ကြတာဖြစ်တယ်လို့ မူဆယ်မြို့နယ်မူးယစ်တပ်ဖွဲ့က တာဝန်ကျ ရဲတပ်ကြပ်ကြီး ဝင်းမင်းသိန်း က RFA ကို အတည်ပြု ပြောဆိုပါတယ်။

"မနေ့က ၁၁ ရက်နေ့ ၄ နာရီပေါ့၊ ရဲအုပ် စိုးအောင် ဦးစီး ၂+၄ ၊ ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီး ၁+၅ ၊ မူဆယ်မြို့နယ် လုံခန်ကျေးရွာအနီး ညောင်ပင်မှာ ကျနော်တို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ရှောင်တခင်ရှာဖွေစစ်ဆေးတာပေါ့နော် ၄ နာရီ လောက် မှာ လမ်းဘေးမှာ ထောင်မိုင်း ဟု ယူဆရသော ဗုံးပေါက်ကွဲလို့ပေါ့နော် ရဲအုပ်စိုင်းဝင်းနိုင် ၊ ရဲအုပ် စိုင်းကျော်မြင့်ထွန်း တို့က အဲ့ဒီမှာ တင် ပွဲချင်းပြီး ကျဆုံးတယ်ပေါ့ နောက် အခြားအဆင့် သုံးယောက် ကတော့ ဒဏ်ရာရတယ် မူဆယ်ဆေးရုံ မှာ ဆေးကုနေတယ်"

ဗုံးပေါက်ကွဲခဲ့တာဟာ မူဆယ် ၁၀၅ မိုင်ကနေ ပန်ဆိုင်း သွားတဲ့ လမ်းမပေါ်မှာဖြစ်ပြီး ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရှိရသေးပေမယ့် ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့နယ်ရဲစခန်းမှာ ရဲအုပ်စိုးအောင်က တရားလိုပြုလုပ်ပြီး မူဆယ် ပ ၁၂၅/၂၀၁၅ ပုဒ်မ ၃၀၂ / ၃၀၇/ ၂၈၆ တွေနဲ့ အမှုဖွင့်ထားပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆက်ပြောပါတယ်။

အခုနှစ်အတွင်းမှာ မူဆယ်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာ ရရှိတာ မရှိခဲ့ပေမယ့် ဒီပေါက်ကွဲမှုတွေဟာ ဘယ်သူ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ဖော်ထုတ် နိုင်ခြင်းမရှိသေးသလို မူးယစ်ရဲတပ်ဖွဲ့ ဝင်တွေ သေဆုံးဒဏ်ရာရခဲ့တာမျိုးလည်း အရင်က မရှိခဲ့ဖူးဘူး လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org