မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံရောက် မြန်မာနှစ်ရာကျော် ပြန်လာခွင့်ရ

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ်ပေါက်ကို တရုတ်အာဏာပိုင် တွေက ဒီကနေ့ တစ်ရက်တာ ပြန်ဖွင့်ပေးလို့ နေရပ်ပြန်ချင်တဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်တို့ ပြန်လာခွင့်ရခဲ့တယ်လို့ မူဆယ်မြို့က ကူညီပေးနေသူတွေက ပြောပါတယ်။

နန်းတော်ဂိတ်ပေါက်ကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၂၀၂၁ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ကိုဌေး

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ်ပေါက်ကို တရုတ်အာဏာပိုင်တွေက ဒီကနေ့ တစ်ရက်တာ ပြန်ဖွင့်ပေးလို့ နေရပ်ပြန်ချင်တဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်တို့ ပြန်လာခွင့်ရခဲ့တယ်လို့ မူဆယ်မြို့က ကူညီ ပေးနေသူတွေက ပြောပါတယ်။

နယ်စပ်ဂိတ်တွေကို ကိုဗစ်ကြောင့်ပိတ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံထဲမှာ အလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံ သားတွေ တရားဝင်ပြန်လာခွင့်ရဖို့ မြန်မာနယ်စပ်အာဏာပိုင်တွေက တရုတ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ လို့ ဇူလိုင် ၂၆ ရက်နေ့မှာ နန်းတော်ဂိတ်ကို ပြန်ဖွင့်ပေးခဲ့တာပါ။

သြဂုတ်လ ၁၁ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေဘက်က နန်းတော်ဂိတ်ပေါက်ကို ပြန်ပိတ်လိုက်လို့ နေရပ်ပြန်လိုတဲ့ သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံထဲမှာ ကိုဗစ်ကြောင့် အသွားအလာ ကန့်သတ်ခံထားရပြီး ပိတ်မိနေကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲမှာ အခက်အခဲတွေကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေက မူဆယ်မြို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကွန်ယက်ကို ဆက်သွယ်လာကြလို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ကူညီပေးနေတာလို့ အဲဒီအသင်း ဥက္ကဋ္ဌ ကိုဌေးက ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့က သြဂုတ်လ ၁၆ ရက်နေ့ ဒီကနေ့အထိ နေရပ်ပြန်မြန်မာနိုင်ငံသား ငါးထောင်နီးပါး လောက်အထိရှိခဲ့ပြီး နောက်ထပ်နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီပြီး ရှိနိုင်သေးတယ်လို့ ကိုဌေးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org