ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးအစီအစဉ် မရေရာတော့

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို စတင်ပြန်ပို့ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ ပြန်ပို့တော့မှာမဟုတ်ဘူးလို့ အမည်မဖော်လိုသူ သတင်း ရင်းမြစ်သုံးခုက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

Kutupalong ဒုက္ခသည်စခန်းကို တွေ့ရစဉ် Photo: REUTERS

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို စတင်ပြန်ပို့ဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ ပြန်ပို့တော့မှာမဟုတ်ဘူးလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်သုံးခုက ပြောဆိုကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

တတိယသတင်းရင်းမြစ်က ပြောဆိုရာမှာ ဒုက္ခသည်မိသားစု ၄၈ စုခန့်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေးမြန်းရာမှာ မူလနေရပ် မပြန်လိုကြကြောင်း ပြောဆိုခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က တစ်စုံတစ်ရာ မပြောဆိုသေးပါဘူး။

မနေ့ကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး မိုဟာမက် အဘူ ကာလမ် က လိုအပ်တာတွေ အားလုံးစီစဉ်ပြင်ဆင်ထားပြီးပြီလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်ရဲ့ မူလပစ်မှတ် ဟာ ကြာသပတေးနေ့မှာ ဒုက္ခသည် မိသားစုပေါင်း ၃၀ က လူဦးရေ ၁၅၀ ကို ပြန်ပို့ရေးဖြစ်တယ်လို့လည်း ပြောခဲ့ ပါတယ်။ ဒါပေမဲ့ ပထမဆုံးပြန်ပို့မယ့် အသုတ်မှာပါဝင်နေတဲ့ ဒုက္ခသည်တွေကတော့ လုံခြုံရေးစိုးရိမ်တဲ့အတွက် မြန်မာနိုင်ငံဘက်ကိုပြန်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အပါအဝင် ကူညီရေးအဖွဲ့အစည်းတွေက ဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ သူတို့ဆန္ဒအလျောက် သာဖြစ်သင့်ပြီး၊ အခုအချိန်မှာ မြန်မာနိုင်ငံဘက်မှာ ဒုက္ခသည်တွေအတွက် အစစအဆင်သင်ြ့ဖစ်မနေသေး တာကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ အဓမ္မပြန်မပို့သင့်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ မနေ့ကတော့ ကောက်စဘဇားက ဒုက္ခသည်စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်ရှိ လာခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဂျန်တိုလီနဲ့ ဟာကင်ပရာ စခန်းတွေမှာ စခန်းတစ်ခုနဲ့တစ်ခု ကူးသန်းသွားလာခွင့်မပေးဘဲ နေရာအနှံ့ စစ်သည်ဖြန့်ချထားတာကြောင့်၊ ပြန်ပို့မယ့်စာရင်းထဲမှာ ပါဝင်သူတွေ ညသန်းခေါင်မှာ လျို့ဝှက်လမ်းတွေကတဆင့် ကုတုပါလောင်စခန်းကို ထွက်ပြေးခဲ့ကြတယ်လို့ ဂါးဒီးယန်းသတင်းက ဖော်ပြပါတယ်။

တခြားစခန်းတွေက ဒုက္ခသည်တွေဟာလည်း တောအုပ်တွေဆီ ထွက်ပြေးပုန်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ပြန်ပို့မယ့်စာရင်းထဲမှာ ပါဝင်သူပေါင်း ၂၂၀၀ ကျော်ထဲက အများအပြားဟာ သူတို့ရဲ့သဘောတူညီမှုမပါဘဲ စာရင်းထဲ ထည့်သွင်းခံထားရတာဖြစ်ကြောင်း ပြောဆိုကြပါတယ်။  စခန်းလူကြီးတစ်ဦးကလည်း ပြန်ပို့မယ့် စာရင်းပါ လူဦးရေရဲ့ ၉၈ ရာနှုန်း ထွက်ပြေးကုန်ကြပြီလို့ ဆိုပါတယ်။

ဒီအတွင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်တွေကို အခုချက်ချင်းရပ်ဆိုင်းရမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

အလားတူ ဗြိတိန်အစိုးရ အာရှနဲ့ ပစိတ်ဖိတ်ဒေသဆိုင်ရာဝန်ကြီး Mark Field ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်ပို့မယ့်ကိစ္စ စိုးရိမ်ကြောင်း ပြောဆိုပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org